ဓနုဖြူမြို့နယ်၌ ယာဉ်သုံးစီးတိုက်မှုဖြစ် (၇) ဦးသေဆုံး

တစ်နေရာတည်းတွင် ယာဉ်သုံးစီးတိုက်မှုဖြစ် ခုနစ်ဦးသေဆုံး နောက်တစ်ကြိမ်ယာဉ်နှစ်စီးတိုက်မှုထပ်မံဖြစ်ပွား
ဓနုဖြူ မတ် ၎

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်း အုပ်စု တလိုင်းစုကျေးရွာတွင် မတ်လ ၃ ရက်နေ့  ည ၈ နာရီ ၄၅မိနစ်ခန့် က တစ် နေရာတည်း ယာဉ်တိုက်မှုနှစ် ကြိမ် ဖြစ်ပွားကာ ပထမအကြိမ်ယာဉ် တိုက်မှုတွင် ကားသုံးစီးတိုက်မှု ဖြစ်ပွားသဖြင့် ကျားငါးဦး၊ မနှစ်ဦး သေဆုံး၍ ကျန် ၁၂ဦး မှာလည်း ဒဏ်ရာများ အသီးသီးရရှိကြကာ ဒုတိယအကြိမ်တွင်လည်း ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီ ၄၅မိနစ်တွင် ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း မြန်အောင်မြို့နယ် ပြည်တော်သာကျေးရွာနေသူမောင်း နှင်ပြီးဦးပဉ္ဇင်းတစ်ပါး၊ကိုရင်တစ်ပါး နှင့် ဦးညွန့်လွင်တို့ လိုက်ပါသော ယာဉ်သည်သတ်မှတ်အချက်ပြမီး များထွန်း၍ ရပ်ထားသော ကုန် တင်ယာဉ်၏ ဝဲဘက်အခြမ်းအား ဝင်ရောက်တိုက်မိကာ လမ်းမပေါ် သို့ရောက်ရှိသွားပြီး မျက်နှာချင်း ဆိုင်ဘက်မှလာသော ယာဉ်မောင်း ဇင်မင်းလတ်မောင်းနှင်ပြီးခရီးသည် ၁၆ဦးပါသောယာဉ်နှင့်အရှိန်မထိန်း နိုင်ဘဲ ဝင်ရောက်တိုက်မိပြီး အခင်း ဖြစ်ပွားရာနေရာတွင် ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း၊ ဦးပဉ္ဇင်းတစ်ပါး၊ ကိုရင်တစ်ပါး၊ ဦးညွန့်လွင်နှင့် တစ် ဖက်ယာဉ်မှ ကျားတစ်ဦးနှင့်မနှစ် ဦး စုစုပေါင်းခုနစ်ဦးသေဆုံးခဲ့ပြီး ကျန်၁၂ဦးမှာလည်း ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။

ယင်းနောက် ယနေ့ နံနက် ၄ နာရီ ၁၅မိနစ်တွင် ထိုနေရာမှာပင် ယာဉ်မောင်းဇော်မင်းထက် (လှိုင် သာယာနေ) မောင်းနှင်ပြီး အောင် အောင်နှင့် မဇာဇာလင်းတို့လိုက် ပါသောယာဉ်သည်လက်ယာဘက် ဘေးတွင် သတ်မှတ်အချက်ပြမီး များထွန်း၍ရပ်ထားသည့် ကုန် တင်ယာဉ်ကိုပင်ထပ်မံတိုက်မိသော ကြောင့်(မစိုးရိမ်)ရ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။

မော်တော်ယာဉ်အား မဆင် မခြင်အရှိန်ပြင်းစွာမောင်းနှင်းသူ ကျော်စိုးခိုင်ထွန်းအား ဓနုဖြူမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၄-က/၃၃၈/၃၃၇၊ ယာဉ် မောင်းဇော်မင်းထက်အားရာဇသတ် ကြီးပုဒ်မ -၃၃၈/၃၃၇တို့ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရ သည်။

အောင်​သူဟိဏ်း(ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဓနုဖြူမြို့နယ်၌ ယာဉ်သုံးစီးတိုက်မှုဖြစ် (၇) ဦးသေဆုံး ဓနုဖြူမြို့နယ်၌ ယာဉ်သုံးစီးတိုက်မှုဖြစ် (၇) ဦးသေဆုံး Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.