မန္တလေး ချမ်းမြသာစည်တွင် ပိုင်ရှင်မဲ့မော်တော်ကား တစ်စီး အတွင်းမှ မူးယစ်ဆေးဝါးများစွာဖမ်းမိ


မန္တလေး မတ် ၉

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃လမ်း ဇလပ်ဝါလမ်းနှင့်ခိုင်ရွှေဝါ လမ်းကြားတွင် ပိုင်ရှင်မဲ့Toyota Crown Royal Saloon မော်တော်ကား တစ်စီးအတွင်းမှ မူးယစ်ဆေးဝါးများစွာအား မတ်လ ၉ ရက်နေ့ ယနေ့နံနက် ၁၁နာရီခန့်က ရပ်ကွက်နေပြည်သူတစ်ဦး၏သတင်းပေးချက်အရ
ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ကား အတွင်းမှဖမ်းဆီးရမိခဲ့သော မူးယစ် ဆေးဝါးများမှာ 88/1 စာတန်းပါ စိတ်ကြွဆးပြား နှစ်သိန်းပါ ဆာလာအိတ် ငါးအိတ် စုစုပေါင်း ဆေးပြား၁ဝ သိန်း၊WY စာတန်း ပါ စိတ်ကြွဆေးပြား နှစ်သိန်းပါ ဆာလာအိတ် ကိုးအိတ် စုစုပေါင်း ဆေးပြား ၁၈ သိန်း၊ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂ဝ (၂ ဒသမ ၂ ကီလိုဂရမ်)၊ ဘိန်းဖြူ ၃ဝဝ ဂရမ် ပါ ခြောက်ထုပ်(၁ ဒသမ ၈ ကီလို ဂရမ်)၊ဘိန်းဖြူဘလောက်တုံး ၃၅ဝ ဂရမ်ပါနှစ်တုံး (သုည ဒသမ ၇ ကီလိုဂရမ်)၊ICE တစ်ကီလိုဂရမ်Sodium Hydroxide (သုည ဒသမ ၁၅ ကီလိုဂရမ်)တို့ဖြစ် ကြောင်း ကနဦးစစ်ဆေးချက်များ အရသိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော မော်တော်ယာဉ်သည်MDY 3L/1808 ယာဉ်နံပါတ်ပြားပါရှိပြီး ဖမ်းဆီးမိသောနေရာတွင် ရပ်နား ထားသည်မှာ လေးရက်ခန့်ရှိပြီဖြစ် ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ယနေ့နံနက်ပိုင်းက သတင်းပေးတိုင်ကြားသဖြင့် ရဲ တပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးမျိုးစုံ ကားအပြည့် တင်ဆောင်ထားသည့်ကားကို တွေ့ ရှိရကြောင်း၊ မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် ကားကို အမှတ် (၁၁) နယ်မြေရဲစခန်းသို့ယူ ဆောင်စစ်ဆေးလျက်ရှိကြောင်း သိ ရသည်။

အဆိုပါ ပိုင်ရှင်မဲ့မော်တော် ယာဉ်နှင့်မူးယစ်ဆေးဝါးအမြောက် အမြား ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံများ အမြန်ဆုံးဖမ်းဆီးရမိ နိုင်ရန်နှင့် အမှုမှန်ပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သုတ
The Union Daily
https://www.facebook.com/uniondaily.net
မန္တလေး ချမ်းမြသာစည်တွင် ပိုင်ရှင်မဲ့မော်တော်ကား တစ်စီး အတွင်းမှ မူးယစ်ဆေးဝါးများစွာဖမ်းမိ မန္တလေး ချမ်းမြသာစည်တွင် ပိုင်ရှင်မဲ့မော်တော်ကား တစ်စီး အတွင်းမှ မူးယစ်ဆေးဝါးများစွာဖမ်းမိ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.