ထာဝရအမေ အများဆုံး ဆွတ်ခူးခဲ့တဲ့ အကယ်ဒမီပွဲ

၂၀၁၇ ရုပ်ရှင်အကယ်ဒမီဆု ရရှိသူများ
ဒီနှစ်အတွက် အကယ်ဒမီဆုရ ဇာတ်ကား ၇ ကားရှိခဲ့ပြီး 'ထာဝရအမေ' ဇာတ်ကားက ဒါရိုက်တာဆုအပါအဝင် ဆု ၃ ဆု ဆွတ်ခူးခဲ့ပါတယ်။ 'ရင်ဘတ်ထဲက ဓား' နဲ့ 'သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို'က ဆု ၂ ဆုစီ ဆွတ်ခူးခဲ့ပါတယ်။

'ထာဝရအမေ' ဇာတ်ကားနဲ့ ဒါရိုက်တာဆုကို စင်ရော်မောင်မောင်က ဆွတ်ခူးခဲ့ပါတယ်။

မင်းသားဆု (အမျိုးသား ဇာတ်ဆောင်ဆု)ကိုတော့ နေတိုးက 'တာတေကြီး' ဇာတ်ကားနဲ့ ရခဲ့ပြီး မင်းသမီးဆု (အမျိုးသမီး ဇာတ်ဆောင်ဆု) ကိုတော့ အိန္ဒြကျော်ဇင်က ရရှိခဲ့ပါတယ်။ ဇာတ်ပို့ဆုတွေကိုတော့ မြင့်မြတ်နဲ့ ပိုင်ဖြိုးသုတို့က ဆွတ်ခူးခဲ့ပါတယ်။
မင်းသား၊ မင်းသမီး နဲ့ ဇာတ်ပို့ ဆုရှင်များ - (ဝဲ မှ ယာ) နေတိုး၊ အိန္ဒြာကျော်ဇင်၊ မြင့်မြတ်၊ ပိုင်ဖြိုးသု
၂၀၁၇ ခုနှစ်အတွင်းမှာ ရုံတင်ဇာတ်ကား ၅၃ ကားရှိခဲ့ပြီး အကယ်ဒမီအတွက် ဆန်ခါတင်စာရင်းဝင်က ၁၁ ကား ရှိပါတယ်။

ရန်ကုန် မင်းဓမ္မလမ်းက Myanmar Event Park မှာ ကျင်းပခဲ့တဲ့ ဒီနှစ် အကယ်ဒမီပွဲကို ထူးထူးခြားခြားအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်ပေးတဲ့ တသက်တာရုပ်ရှင်ထူးချွန်ဆု ရရှိသူ ဘိုကလေးတင့်အောင်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆု ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ဒီပွဲကို ရုပ်ရှင်လောကက ဝါရင့်အနုပညာရှင်ကြီးတွေနဲ့အတူ တက်သစ်စ လူငယ်အနုပညာရှင်တွေလည်း တက်ရောက်လာကြတာ တွေ့ရပါတယ်။

ပွဲတက်ဖက်ရှင်တွေကတော့ အရင်နှစ်တွေကလိုပဲ မြန်မာဝတ်စုံ အခြေခံပြီး ဆန်းသစ်ထားတဲ့ ဒီဇိုင်းတွေနဲ့ မြင်တွေ့ရပါတယ်။ ဒီနှစ်မှာ ရွှေမှုံရတီရဲ့ မြန်မာဝတ်စုံကလည်း ပိုထူးခြားတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးကြပါတယ်။

ဆုရရှိသူများ

    အမျိုးသား ဇာတ်ဆောင်ဆု - နေတိုး (တာတေကြီး)
    အမျိုးသမီး ဇာတ်ဆောင်ဆု - အိန္ဒြာကျော်ဇင် (ရင်ဘတ်ထဲက ဓါး)
    အမျိုးသားဇာတ်ပို့ဆု(ကျား) - မြင့်မြတ် (အမှောင်တွေ ရွာချတဲ့ မိုးတိမ်)
    အမျိုးသမီးဇာတ်ပို့ဆု - ပိုင်ဖြိုးသု (သရဲမ၊ ဘီလူးမနဲ့ မိန်းမပျို)
    ဒါရိုက်တာဆု - စင်ရော်မောင်မောင် (ထာဝရအမေ)
    ဇာတ်ညွှန်းဆု - ဝိုင်း (ရင်ဘတ်ထဲကဓား) ဝတ္ထု လမင်းမိုမို
    တသက်တာ ရုပ်ရှင်ထူးချွန်ဆု - ဗိုလ်ကလေး တင့်အောင်
    ဇာတ်ကားဆု - နေခြည်မှာရွှေရည်လောင်း (မင်္ဂလာဇော် ရုပ်ရှင်ထုတ်လုပ်ရေး) ဝတ္ထု - လယ်တွင်းသားစောချစ်၊ ဒါရိုက်တာ ဇော်မြင့်ဦး
    တေးဂီတဆု - စန္ဒရား တင်ဝင်းလှိုင် (ကွမ်းလုံ ရက် ၄၀ )
    ရုပ်ရှင်အသံဆု - သိန်းအောင် (ထာဝရအမေ)
    တည်းဖြတ်ဆု - အိုဝင် (ထာဝရအမေ)
    ဓာတ်ပုံဆု - ကျောက်ဖြူ ပဒေသာ ကိုနေဝင်း (သရဲမ၊ ဘီလူးမနဲ့ မိန်းမပျို)

BBC Burmese
http://www.bbc.com/burmese
ထာဝရအမေ အများဆုံး ဆွတ်ခူးခဲ့တဲ့ အကယ်ဒမီပွဲ ထာဝရအမေ အများဆုံး ဆွတ်ခူးခဲ့တဲ့ အကယ်ဒမီပွဲ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.