မန္တ​လေးမြို့တွင် လမ်းဘေးရပ်​ထား​သော ကားထဲမှ စိတ်ကြွဆေးပြား (၂၈) သိန်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ဇလပ်ဝါလမ်းနှင့် ခိုင်ရွှေဝါလမ်းကြားတွင် ကားတစီး ရပ်နားထားသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်​ဦးက ယနေ့ (မတ် ၉ ရက်​) နံနက်ပိုင်းက သတင်းပေးချက်​အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးမျိုးစုံ ကားအပြည့်တင်ဆောင်ထားသည်ကို တွေ့ရှိရသဖြင့်​ အဆိုပါကားအား အမှတ် ၁၁ နယ်မြေ ရဲစခန်းသို့ ယူဆောင်၍ အ​သေးစိတ်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။


အဆိုပါကားအတွင်းမှ 88 နှင့် 1 စာတမ်းပါ စိတ်ကြွဆေးပြား (၂) သိန်းပြားစီပါ ဆာလာအိတ် (၅) အိတ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၁၀) သိန်း၊ WY စာတမ်းပါ စိတ်ကြွဆေးပြား (၂) သိန်းပြားစီပါ ဆာလာအိတ် (၉) အိတ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၁၈) သိန်း၊ ဘိန်းဖြူ ဆပ်ပြာခွက် (၂၂၀) ခွက် - ၂ ဒသမ ၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၃၀၀ ဂရမ်ပါ (၆) ထုပ် - ၁ ဒသမ ၈ ကီလိုဂရမ်၊ ဘိန်းဖြူဘလောက်တုံး (၃၅၀) ဂရမ်ပါ ၂ တုံး ၀ ဒသမ ၇ ကီလိုဂရမ်၊ ICE ၁ ကီလိုဂရမ်၊ Sodium Hydroxide ၀ ဒသမ ၁၅ ကီလိုဂရမ်နှင့်​ လိင်​စိတ်​ကြွပစ္စည်းများ သိမ်းဆည်းရမိ​ကြောင်း သိရသည်​။

MRG
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တ​လေးမြို့တွင် လမ်းဘေးရပ်​ထား​သော ကားထဲမှ စိတ်ကြွဆေးပြား (၂၈) သိန်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မန္တ​လေးမြို့တွင် လမ်းဘေးရပ်​ထား​သော ကားထဲမှ စိတ်ကြွဆေးပြား (၂၈) သိန်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.