ရင်းနှီးမြှုပ်နှံမှုတိုးလာဖို့အတွက် အခွန်လျှော့ချပေးတာဖြစ်ကြောင်း ဒုဝန်ကြီး ပြော

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းကို တွေ့ရစဉ်/ Photo: Win Ko Ko Latt/RFA
စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို အခွန်လျှော့ချပေးတာဟာ အခွန်ပိုမိုရရှိမယ့်အပြင် ရင်းနှီးမြှပ်နှံမှုတိုး လာပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ လာရောက်ရှင်းပြစဉ် ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမြတ်အစွန်းပေါ်မှာ အခွန်ပေးဆောင်မထားတဲ့ ငွေကြေးတွေရှိနေတာ ဟာ တရားမ၀င်နည်းလမ်းနဲ့ ရရှိတာမဟုတ်လို့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းမှုမရှိဘူးလို့လည်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အခွန်အကောက်ဥပဒေကြမ်းပါ ပုဒ်မ ၂၅ မှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို ပထမ ၆ လမှာ ၃ ရာခိုင်နှုန်းနဲ့ ဒုတိယ ၆ လမှာ ၅ ရာခိုင်နှုန်းဆောင်ဖို့ ပါရှိပါတယ်။

အဲဒီအချက်ဟာ အခွန်ပုံမှန်ဆောင်သူတွေအတွက် နစ်နာသလို ငွေကြေးခ၀ါချမှုတွေ ရှိလာနိုင်တယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ဝေဖန်ထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒီအချက်အတည်ဖြစ်ရင် ၀င်ငွေလည်ပတ်စီးဆင်းမှု ပိုကောင်းလာမယ်ဆိုပြီး ကြိုဆိုကြပါတယ်။ မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၈ အခွန်အကောက်ဥပဒေကြမ်းကို တပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ် အတည်ပြုမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရင်းနှီးမြှုပ်နှံမှုတိုးလာဖို့အတွက် အခွန်လျှော့ချပေးတာဖြစ်ကြောင်း ဒုဝန်ကြီး ပြော ရင်းနှီးမြှုပ်နှံမှုတိုးလာဖို့အတွက် အခွန်လျှော့ချပေးတာဖြစ်ကြောင်း ဒုဝန်ကြီး ပြော Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.