လက်နက်ကြီးတွေ မြန်မာရုပ်သိမ်း


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ မတ်လ ၂ရက်နေ့က ဆွေးနွေးပြီးတဲ့နောက် အရှေ့တောင်ဘက်မှာရှိတဲ့ Bandarban ခရိုင် Tambru နယ်စပ်မှာ ချထားတဲ့ လက်နက်ကြီးတွေကို မြန်မာနိုင်ငံကပြန်ရုပ်သိမ်းသွားပြီလို့ ပြည်ထဲရေးဝန်ကြီး Khan Kamal က မနေ့က ပြောကြားလိုက်ပါတယ်။
ဆွေးနွေးပွဲမှာ သတင်းမှားရရှိတဲ့အတွက် တပ်ဖွဲ့ဝင်နဲ့ အမြောက်တွေ နယ်စပ်မှာချထားတာလို့ မြန်မာအာဏာပိုင်တွေက ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပြပါတယ်။

ဒီလ ၂၇ ရက်နေ့က စပြီး BGB- ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နဲ့ BGP မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ဟာ သက်ဆိုင်ရာ နယ်စပ်ဒေသတွေမှာ ချိတ်ဆက်ပြီး လုံခြုံရေးကင်းလှည့်မယ်လို့လည်း ပြောပါတယ်။

မတ်လ ၁ ရက်တုန်းက နယ်စပ်မှာ မြန်မာတပ်တွေနေရာယူတဲ့အတွက် BGB တပ်ဖွဲ့ဝင်တွေ တပ်လှန့်ပြီး ဘဂ်လားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးလွင်ဦးကို ဒက္ကားမြို့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ရုံမက ဒီကိစ္စကို ကန့်ကွက်ခဲ့ ပါတယ်။ မတ်လ ၂ ရက်မှာတော့ ပြည်တွင်းလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်နဲ့လက်နက်တွေချတာလို့ မြန်မာက ပြောပါတယ်။
ဒက္ကားကလာတဲ့ နောက် သတင်းတပုဒ်မှာတော့ နှစ်နိုင်ငံနယ်နိမိတ်မျဉ်း သံဆူးကြိုးချထားတဲ့နေရာမှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ကနေ ၉၀ ချထားတယ်လို့ ဖော်ပြပါတယ်။

BGB- ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အမှတ် ၃၄ ဟာ နယ်စပ်မိုင်တိုင် ၃၁ နဲ့ ၃၆ ကြားမှာ မနက် ၆ နာရီက မွန်းလွဲ ၁၂ နာရီခွဲထိ ကင်းလှည့်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လက်နက်ကြီးတွေ မြန်မာရုပ်သိမ်း လက်နက်ကြီးတွေ မြန်မာရုပ်သိမ်း Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.