ဗုဒ္ဓဘာသာခေါင်းဆောင် ဝီရန်ဆင်းဂ် ထိန်းသိမ်းခံရ

ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် Kandy မြို့မှာ လုံခြုံရေး တင်းကျပ်ထား
သီရိလင်္ကာနိုင်ငံ Kandy မြို့လယ်မှာ လူမျိုးရေး ဘာသာရေး အဓိကရုန်းဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူ ဆိုပြီး Amith Jeewan Weeransinghe ကို အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။

ရဲက လူအယောက် ရှစ်ဆယ်လောက်ကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အခု အာဏာပိုင်က အကြမ်းဖက်မှု နောက်ကွယ်က ကြိုးကိုင်သူလို့ ဆိုပြီး ဖမ်းဆီးခဲ့တဲ့ မစ္စတာ ဝီရန်ဆင်းဂ် ဟာ သဘောထား တင်းမာတဲ့ "Mahson Balakaya" ဗုဒ္ဓဘာသာ အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

သီရိလင်္ကာမှာ ပြီးခဲ့တဲ့ အကြမ်းဖက်မှု အတွင်း မွတ်ဆလင် တယောက်နဲ့ ဆင်ဟာလီ တယောက် သေဆုံးခဲ့ရတယ်လို့ ရဲက အတည်ပြု ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှု အတွင်း ထိခိုက် ဒဏ်ရာရခဲ့တဲ့ လူ၁၁ယောက်ကိုလည်း ဆေးရုံတင်ထားရပြီး ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ခန်ဒီမြို့မှာ ညမထွက်ရ အမိန့်ကို ဒီညမှာ ထပ်မံ ထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဗုဒ္ဓဘာသာခေါင်းဆောင် ဝီရန်ဆင်းဂ် ထိန်းသိမ်းခံရ ဗုဒ္ဓဘာသာခေါင်းဆောင် ဝီရန်ဆင်းဂ် ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.