တကောင်းမြို့၌ ကလေးသုံးမြွာပူး အောင်မြင်စွာမွေးဖွား ကလေးများအား ကျွေးမွေးစောင့်ရှောက်ရန် အကူအညီများ လိုအပ်နေ


တကောင်း - မတ် ၇

ပြင်ဦးလွင်ခရိုင် တကောင်းမြို့ ပြည်သူ့ဆေးရုံ၌ မတ် ၄ ရက် ည ၈ နာရီခန့်တွင် ကိုယ်ဝန်ဆောင်မိခင် တစ်ဦး၏ သုံးမြွှာပူးကလေးငယ်များကို ဆေးရုံ အုပ်ကြီး ဒေါက်တာစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရ သည်။

အဆိုပါ သုံးမြွှာပူးကလေးများမှာ သမီး မိန်းကလေး များဖြစ်ကြပြီး ပထမကလေးမှာ ၃ပေါင် ၃အောင်စ၊ ဒုတိယကလေးမှာ ၄ ပေါင်နှင့် တတိယကလေးမှာ ၃ ပေါင် ၅ အောင်စ အလေးချိန်ရှိကာ မိခင်နှင့် ကလေးများအားလုံး ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း သိရသည်။

အမြွှာပူးကလေးများ၏ဖခင် ကိုခင်မောင်ဝင်းနှင့် မိခင် မအေးခိုင်တို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်ကြပြီး နေ့စားအလုပ်သမားများဖြစ်သောကြောင့် ကလေး များ ကျန်းမာစွာ ရှင်သန်ကြီးပြင်းအောင် ရေရှည် စောင့်ရှောက်နိုင်ရန် အကူအညီများစွာ လိုအပ်နေ ကြောင်း၊ အàာပူးကလေးများ၏ တစ်ရက် နို့မှုန့်ဖိုး မှာ ကျပ်ခြောက်ထောင်ခန့်ရှိနေပြီး ဖခင်၏ တစ်နေ့ တာဝင်ငွေဖြင့် ရေရှည်ရပ်တည်ရန် အခက်အခဲများ ရှိနေသဖြင့် လှူဒါန်းလိုသူများအနေဖြင့် ဖုန်း-ဝ၉-၂၆၅ဝဝ၂၅၉၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြ ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တကောင်းမြို့၌ ကလေးသုံးမြွာပူး အောင်မြင်စွာမွေးဖွား ကလေးများအား ကျွေးမွေးစောင့်ရှောက်ရန် အကူအညီများ လိုအပ်နေ တကောင်းမြို့၌ ကလေးသုံးမြွာပူး အောင်မြင်စွာမွေးဖွား ကလေးများအား ကျွေးမွေးစောင့်ရှောက်ရန် အကူအညီများ လိုအပ်နေ Reviewed by THITHTOOLWIN on 11:03 Rating: 5
Powered by Blogger.