ဟိုပုံးမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရရှိ


၂၀၁၈ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ၁၀၄၅ အချိန် ဟိုပုံး-မိုင်းပွန် ကားလမ်း မိုင်တိုင် (၁၄၀/၁-၂) ကြား၌ ဦးမတ်(၇၁)နှစ်မောင်းနှင်ပြီး ဦးချို(၄၈)နှစ်ပါ ၁၂ ဦး(ကျား ၃၊ မ ၉)တို့ လိုက်ပါလာသည့် 2J/xxxx Hijet ယာဉ်သည် လားရာတူ ရှေ့တွင်မောင်းနှင်သော ယာဉ်အား ကျော်တက်စဉ် မျက်နှာချင်း ဆိုင်မှ ဦးလှတင်(၅၃)နှစ်မောင်းနှင်သည့် 9I/xxxx Canter ယာဉ်အား ရှောင်တိမ်းရာ 2J/xxxx Hijet ယာဉ်မှာ လမ်းဝဲဘက်ဘေး ပေ ၅၀ခန့်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် 2J/xxxx Hijet ယာဉ်မှ ဦးချိုတွင် ယာချိုင်းအောက်ညို မဲဒဏ်ရာ၊ ယာပုခုံး၊ ဝဲလက်ဖမိုးပွန်းပဲ့ ဒဏ်ရာ များဖြင့်သေဆုံး၊ ယာဉ်မောင်း ဦးမတ်ပါ ၁၂ ဦး (ကျား ၃၊ မ ၉)တွင် (မစိုးရိမ်ရ)ဒဏ်ရာများရရှိ၍ ဟိုပုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၁၈၃၀ အချိန်တွင် ဦးမတ် (ဖမ်းမိ)အား ဟိုပုံးမြို့မရဲစခန်းယာဉ်(ပ)၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၃၀၄-က (ယာဉ် မဆင် မခြင်မောင်းနှင် မှု/ပေါ့လျော့မှုကြောင့်သာမန်/ပြင်းထန်/လူသေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
ဟိုပုံးမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရရှိ ဟိုပုံးမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 12:46 Rating: 5
Powered by Blogger.