တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ကင်မ်ဂျုံ-အွန်း ညစာစား

၁၅ မိနစ်ကြာ ဆွေးနွေး
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ-အွန်းက တောင်ကိုရီးယား ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ညစာ စာပွဲနဲ့ ဧည့်ခံ ခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

တောင်ကိုရီးယား စံတော်ချိန် ညနေ ၃ နာရီ ၄ဝ ကနေ စပြီး နှစ်ဘက် အရာရှိတွေ ၁၅ မိနစ်ကြာ ဆွေးနွေးခဲ့တယ်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ-အွန်းနဲ့ တွေ့ကြဖို့လည်း သဘောတူခဲ့တယ် ဆိုပြီး တောင်ကိုရီးယားသမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကင် အီ ဂယမ်း က အစောပိုင်းတုန်းက ပြောဆို ခဲ့ပါတယ်။
 တောင်ကိုရီးယား အရာရှိတွေကို တွေ့ဆုံတာ အခု ပထမဆုံး
ကင်မ်ဂျုံ-အွန်း ခေါင်းဆောင် ဖြစ်လာခဲ့ပြီးနောက် တောင်ကိုရီးယား အရာရှိတွေကို တွေ့ဆုံတာ အခု ပထမဆုံး ဖြစ်ပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေ ဦးဆောင် သွားတာဖြစ်ပါတယ်။

နှစ်ရက်ကြာ ခရီးစဉ် အပြီးမှာ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယား နဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေအတွက် စီစဉ်ဖို့ ဝါရှင်တန်ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ကင်မ်ဂျုံ-အွန်း ညစာစား တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ကင်မ်ဂျုံ-အွန်း ညစာစား Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.