သီရိလင်္ကာနိုင်ငံက ဘာသာရေး အဓိကရုဏ်းဖြစ်မှု လူ ၉ ဦးကို ဖမ်းဆီး


ဘာသာရေး အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာနိုင်ငံမှာ အဓိကရုဏ်းဦးဆောင်သူလို့ မသင်္ကာသူတစ်ဦး အပါအ၀င် လူ ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့တစ်ခုကဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေပါဝင်တဲ့ ဗီဒီယိုတွေ ဖြန့်ချိနေကြသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အဓိကရုဏ်းအတွင်း အနည်းဆုံး လူ နှစ်ဦး သေဆုံးခဲ့ပါတယ်။

ကန္ဒီမြို့မှာ မွတ်စလင်တွေနဲ့ အငြင်းအခုံဖြစ်ရာက ဗုဒ္ဓဘာသာဝင် လူငယ်တစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက် ဘာသာရေး အဓိကရုဏ်းဖြစ်ပွားခဲ့တာပါ။ ဗလီတွေနဲ့ ဈေးဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

လူဦးရေ ၂၁ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၇၀ ရာနှုန်း၊ ဟိန္ဒူဘာသာဝင် ၁၃ ရာနှုန်း၊ မွတ်စလင် ဘာသာဝင် ၉ ရာခိုင်နှုန်းရှိပြီး၊ မွတ်စလင် အများစုဟာ နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရှိကြပါတယ်။

ဘာသာရေး အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီး၊ ခရီးသွားလုပ်ငန်းလည်း ထိခိုက်ခဲ့ရတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

Photo: REUTERS
RFA Burmese
https://www.facebook.com/rfaburmese/
သီရိလင်္ကာနိုင်ငံက ဘာသာရေး အဓိကရုဏ်းဖြစ်မှု လူ ၉ ဦးကို ဖမ်းဆီး သီရိလင်္ကာနိုင်ငံက ဘာသာရေး အဓိကရုဏ်းဖြစ်မှု လူ ၉ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 14:05 Rating: 5
Powered by Blogger.