ကလေးမြို့နယ် နှစ်နေရာတွင် မီးလောင်မှုဖြစ်ပွား


ခိုနှုမ်းသုန်သတင်းဌာန။ ၁၃ မတ်လ ၂၀၁၈။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့နယ် နန်းဗဟိုရ်ကျေးရွာတွင် ဟွန်ဒါမီးစက်အတွင်းသို့ ဓာတ်ဆီထည့်သွင်းရာမှ ပွတ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်အချိန်မှာ မတ်လ ၁၂ ရက်နေ့ည ၄ နာရီခန့်အချိန်တွင် ဖြစ်သည်ဟု သိရပြီး မီးလောင်မှုဖြစ်ပွား သည့် အိမ်မှာ ဒေါ်စီစီလွင် (၄၈) နှစ် (ဘ) ဦးကျော်သိန်း၏ နေအိမ်ဖြစ်ကြောင်း ကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။


အဆိုပါ မီးလောင်ကျွမ်းမှုသည် ည ၄ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ဒေသခံပြည်သူများနှင့် မီးသတ်တပ်ဖွဲ့များက မီးငြိမ်းသတ်ခဲ့ရာ ည ၅ နာရီအချိန်ခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင့် သိရသည်။

ပျဉ်ထောင်အိမ်တစ်လုံး နှင့် ဟွန်ဒါမီးစက်တစ်လုံးတို့ မီးလောင်ကျွမ်းပြီး၊ လူ၊ တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်ဒေါ်စီစီလွင်အား ကလေးမြို့မရဲစခန်းမှ (ပ) ၂၅၀/ ၂၀၁၈၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ကလေးမြို့နယ် နတ်ချောင်းကျေးရွာရှိ နေအိမ်တစ်လုံးမှာ ရေနွေးအိုးတည်ထားသော မီးဖိုမီးမှ မီးထတောက်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်တစ်လုံးနှင့် ရှေ့မျက်နှာစာတွင်ဆောက်လုပ်ထားသော စတားဆိုင်ကယ်ပြုပြင်ရေး ဆိုင်နှင့် ၄င်းဆိုင်အတွင်းရှိ ဆိုင်ကယ် ၁၀ စီးတို့ မီးလောင်ကျွမ်းဆုံးရှုံးသွားကြောင်း ကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

၎င်းမီးကို ဒေသခံပြည်သူများနှင့် တာဝန်ရှိ မီးသတ်တပ်ဖွဲ့များမှ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆသူ အိမ်ရှင် ဒေါ်နီနီအား ကလေးမြို့မရဲစခန်းမှ (ပ) ၂၅၀/ ၂၀၁၈၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
ကလေးမြို့နယ် နှစ်နေရာတွင် မီးလောင်မှုဖြစ်ပွား ကလေးမြို့နယ် နှစ်နေရာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.