ဘုရားဖူးယာဉ်တိမ်းမှောက်၍ အမျိုးသမီးငါးဦး သေဆုံးမှုဖြစ်ပွား


လွယ်ဂျယ် မတ် ၈ရက်

ကချင်ပြည်နယ် ၊ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့အနီး မိုးမောက် - လွယ်ဂျယ် ကားလမ်းတွင် မတ် ၇ ရက် ညနေ ၄ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ဇလုံတောင်မှ ဘုရားဖူး ပြန်လာသည့် မူဆယ်ဘုရားဖူး မော်တော်ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာ သည့် ဘုရားဖူးခရီးသည် အမျိုးသမီးငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဗန်းမော်ခရိုင် မိုးမောက်မြို့ဘက်မှ လွယ်ဂျယ်လမ်းအတိုင်း ဗန်းမော်မြို့ကုက္ကိုလ်တောရပ်နေ ယာဉ်မောင်း ဖြိုးမောင်မောင် (၂၈)နှစ် မောင်းနှင်ပြီး ဘုရားဖူးခရီးသည် ၁၄ ဦးလိုက်ပါလာသည့် ရွှေလွန်းပျံမော်တော်ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မြို့နယ် ဇလုံတောင်မှ ဘုရားဖူးပြန်လာရာ မိုးမောက်မြို့နယ် ယောရုံကျေးရွာနှင့် ဝိန်းခမ်းကျေး ရွာကြား မိုင်တိုင်အမှတ် ၃၈ အနီး တောင်အဆင်းတွင် လမ်း၏ဝဲဘက် ပေ ၂၀၀ ခန့်ရှိ ချောက် အတွင်းသို့ တိမ်းမှောက်ခဲ့ကြောင်း၊ မူဆယ်မြို့နေသူများဖြစ်ကြသည့် ဒေါ်သိန်းလှ (၅၀)နှစ်၊ ဒေါ်အေးမြ (၅၃)နှစ်၊ ဒေါ်နန်းထွမ်းဆာ (၇၄)နှစ်၊ ဒေါ်တင်နှင့် ဒေါ်ဟန်တို့ငါးဦးမှာ ဒဏ်ရာများရရှိ၍ သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူများအား လွယ်ဂျယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း၊ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြိုးမောင်မောင်အား လွယ်ဂျယ်နယ်မြေရဲ စခန်းတွင် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် (ကချင်မြေ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဘုရားဖူးယာဉ်တိမ်းမှောက်၍ အမျိုးသမီးငါးဦး သေဆုံးမှုဖြစ်ပွား ဘုရားဖူးယာဉ်တိမ်းမှောက်၍ အမျိုးသမီးငါးဦး သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.