ခင်ဦးမြို့နယ် သမိုင်းဝင်အညာသီဟတော ဘုရားဖူးယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ခင်ဦး - မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ မတ် ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က သမိုင်းဝင်အညာသီဟတောဘုရားဖူးယာဉ် တိမ်းမှောက်ရာမှတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် အကြိမ် (၃၀) မြောက်သမိုင်းဝင်အညာသီဟတော ဘုရားပွဲ ကျင်းပရာ ကပြဖျော်ဖြေနေသော “မန္တလာချစ်သူ”ဇာတ်အဖွဲ့ သည် ပဉ္စမမြောက်နေ့တွင် ဇာတ်ခုံအား LIGHT အဖြူတစ်စီးမှ ၀င်ရောက် တိုက်မိကြောင်း သတင်းအရ ကုန်းကြီးရဲကင်းစခန်းမှူးရဲအုပ်သီဟဦး ဆောင်သောအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သိန်းဇော်ဦး မောင်းနှင်လာသော MDY/8D – ----- နံပါတ်ပါ အဖြူရောင် LIGHTယာဉ်သည် ခင်ဦးမြို့မှ အညာသီဟတောဘုရားသို့ ဘုရားဖူးလာစဉ် ဘုရားကုန်းအဆင်းတွင် ဘရိတ်ပေါက်ပြီး “မန္တလာချစ်သူ”ဇာတ်ခုံညာဘက် မြန်မာ့ဆိုင်းဝိုင်းဘက်ခြမ်းအား ၀င်ရောက်တိုက်မိရာမှ အိပ်ပျော်နေသော
မြန်မာ့ဆိုင်းဝိုင်းဆရာ ဦးမြင့်ဝေ (၆၁) နှစ် (ဘ)ဦးကြည်အောင်ဇေယျာ ရပ်ကွက် စစ်ကိုင်းမြို့နေသူသည် နဖူး (၆) လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ၀ဲခြေဖမိုး ကျိုးသည့်ဒဏ်ရာများဖြင့် နေရာတွင် ပွဲခြင်းသေဆုံးပြီး၊ ဘုရားဖူးရန် လမ်းလျှောက်လာသူ ဒေါ်ခင်သန်းသန်းဝင်း (၆၅) နှစ် ပါရမီရပ်ကွက် စစ်ကိုင်းမြို့နေသူတွင် ၀ဲဘက်လက်မောင်းကျိုးသည့်ဒဏ်ရာ၊ ယာတံတောင်ပွန်းပဲဒဏ်ရာများ ရရှိထားသဖြင့် ရဲဆေးစာဖြင့် ခင်ဦးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ လူသေဆုံးသည်အထိ ယဉ်မဆင်မခြင် မောင်းနှင်သူသိန်းဇော်ဦး ၂၁ နှစ် (ဘ)ဦးကံအောင် မြကန်သာရပ် ခင်ဦးမြို့နေသူအားမြို့မရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခင်ဦးမြို့နယ် သမိုင်းဝင်အညာသီဟတော ဘုရားဖူးယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ခင်ဦးမြို့နယ် သမိုင်းဝင်အညာသီဟတော ဘုရားဖူးယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.