ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင် ဒဏ်ရာများဖြင် သေဆုံးနေသော အမျိုးသားအလောင်း တွေ့ရှိ

ဒဏ်​ရာများဖြင့် အမည်​မသိ အမျိုးသားတစ်​ဦး အ​​လောင်းအား ကားလမ်း​ဘေးတွင်​ စွန့်​ပစ်​သွား။ ။ ဓါတ်ပုံ - Yin Htoo Maw
ကျောင်းကုန်း မတ် ၁၈

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊ ​ကျောင်းကုန်းမြို့နယ်​၊ ဇရပ်​ကွင်းအုပ်​စု၊ ဆူးပ​ဒေါင်းကွင်းရွာအနီးတွင်​ ဒဏ်​ရာများဖြင့်​ အမျိုးသားတစ်​ဦး၏ အ​လောင်းအား မတ်​လ ၁၈ ရက်​​နေ့ နံနက်​ ၈း၁၅ နာရီအချိန်​ခန့်​က ကားလမ်း​ဘေးတွင်​ တွေ့ရှိခဲ့​ကြောင်း သိရသည်​။

အမှုမှာ ဒုရဲမှူးမြင့်​​အောင်​သည် ရဲစခန်းတွင်​ တာဝန်​ထမ်း​ဆောင်​​နေစဉ်​ ဇရပ်​ကွင်းအုပ်​ချုပ်​​ရေးမှူးမှ ဖုန်းဖြင့် ရန်​ကုန်​-ပုသိမ်ကားလမ်း​ဘေး၊ ဆူးပ ​ဒေါင်းကွင်း ရွာအနီးတွင်​ ဒဏ်​ရာများဖြင့် ​သေဆုံး​နေသည့် အမျိုးသားတစ်​ဦး၏ အ​လောင်းအား ​တွေ့ရှိ​ကြောင်း အ​ကြောင်းကြားသဖြင့်​ အခင်းဖြစ်​​နေရာသို့ ချက်​ချင်းသွား​ရောက်စစ်​​ဆေးခဲ့ပါသည်။

 မိုင်​တိုင်​အမှတ်​ ၆၆/၀ နှင့်​ ၆၆/၁ ကြား၊ ရန်​ကုန်​ဘက်​မှ ပုသိမ်​ဘက်​သို့သွားသည့် ကားလမ်းယာဘက်​ခြမ်း လမ်း​ဘေး​ချောက်​ထဲ၌ အသက်​(၃၅)နှစ်​ခန့်​ရှိ အမျိုးသားတစ်​ဦးသည်​ လည်​ပင်းဝဲဘက်​ (၁)လက်​မခန့်​ ထိုးသွင်း ဒဏ်​ရာတစ်​ချက်​၊ လည်​ပင်းယာဘက်​ (၅)လက်​မခန့်​ ပြတ်​ရှဒဏ်​ရာ တစ်​ချက်​ တို့ဖြင့် ​သေဆုံး​နေ​ကြောင်း စစ်​​ဆေး​တွေ့ရှိရသည်။

သေဆုံးမှုနှင့် ပတ်​သက်​၍ စုံစမ်း​ဖော်​ထုတ်​​ပေးနိုင်​ပါရန်​ ရဲလုပ်​ထုံး လုပ်​နည်းနဲ့အညီ ​ဆောင်​ရွက်​ထားကာ ​ကျောင်းကုန်းမြို့မရဲစခန်း၌ (ပ)၆၈/၂၀၁၈၊ (အမှုကြီးအမှတ်​စဉ်​ ၃/၂၀၁၈)ဖြင့် အမှုဖွင့် ဆောင်​ရွက်​ထားရှိ​ကြောင်းနှင့် သိရှိသူများ ​ကျောင်းကုန်းရဲစခန်း နယ်​ထိန်း ဖုန်း​-၀၉၅၄၁၃၉၆၇ သို့ အ​ကြောင်းကြား​ပေးပါရန်​ နှိုး​ဆော်​ထား​ကြောင်း မြို့မရဲစခန်းမှ သိရသည်​။

ဝင်းကြိုင်​(​ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင် ဒဏ်ရာများဖြင် သေဆုံးနေသော အမျိုးသားအလောင်း တွေ့ရှိ ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင် ဒဏ်ရာများဖြင် သေဆုံးနေသော အမျိုးသားအလောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 07:10 Rating: 5
Powered by Blogger.