ရှေးဟောင်းကြေးခေါင်းလောင်းတစ်ခု တောင်ကုန်းဘုန်းကြီးကျောင်း၌ တွေ့ရှိ


ဗန်းမောက် မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် တောင်ကုန်းကျေး ရွာ ဘုန်းတော်ကြီးကျောင်းပေါ်တွင် ကောဇာသက္ကရာဇ် ၁၂ဝ၈ ခုနှစ် စာတန်းပါ ကြေးဖြင့် သွန်းထားသော ရှေးဟောင်းခေါင်းလောင်း တစ်ခုရှိကြောင်း သိရသည်။

အဆိုပါ ကြေးခေါင်းလောင်းသည် ယခုအခါ ၁၇၁ နှစ် သက်တမ်း ရှိပြီဖြစ်သည်။ ကြေးခေါင်းလောင်းနှင့်အတူ လက်ရာမြောက်စွာပင် လူရုပ်နှစ်ခုကိုလည်း ခေါင်းလောင်း ကို ရှေးဟောင်းသစ်သား တုတ်တစ်ချောင်းဖြင့် ထမ်းထားသည့်ပုံစံဖြင့် တွေ့ရှိရပေ သည်။

ယင်းကျေးရွာတွင် ကဒူးတိုင်းရင်းသားလူမျိုးများနေထိုင်သော ကျေးရွာလေး တစ်ရွာ ဖြစ်သည်။ ထိုကျေးရွာသည် ဗန်းမောက်မြို့၏ အနောက်တောင်ထောင့် တွင် ရှိပြီး ဗန်းမောက်မြို့နှင့် သုံးမိုင်ခန့်သာရှိသည်။ ကျေးရွာတွင် နေထိုင်ကြသူများမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများဖြစ်ကြပေသည်။ အိမ်ခြေမှာ အရှေ့ရွာတွင် ၁၂ အိမ်ရှိပြီး တောင်ရွာတွင် ၂၈ အိမ်သာရှိသည်။ ရွာတွင် အိမ်ခြေနည်းပါးသော ကဒူး တိုင်းရင်းသားများ နေထိုင်ကြသည့် ကျေးရွာလေးတွင် ရှေးဟောင်းကြေးခေါင်းလောင်း တစ်ခုနှင့် ရှေးဟောင်းပန်းပု လူရုပ်နှစ်ခုအပါအဝင် ရှေးဟောင်းသစ်သားတုတ်တစ်ခု တို့ကို တောင်ကုန်းကဒူးလူမျိုးများနေထိုင်ကြသော ကျေးရွာလေးတွင် အလွယ်တကူ လာရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

တောင်ကုန်းကျောင်းထိုင်ဆရာတော်က ဦးပဉင်းက ''ဒီရှေးကျလှတဲ့ ကြေးခေါင်းလောင်းမပျောက်အောင် မပျက်စီးအောင် ဂရုစိုက်ပြီး စနစ်တကျ ထိန်းသိမ်း ထားတာဖြစ်ပါတယ်၊ ဒါမှ ပြည်တွင်း၊ ပြည်ပက လေ့လာရေး ခရီးသွားလာသူတွေ အလွယ်တကူ လေ့လာနိုင်အောင်ဖြစ် ပါတယ်''ဟု ပြောကြားခဲ့သည်။

ဗန်းမောက်မြို့နှင့် သိပ်မဝေးသောနေရာတွင် ရှေးဟောင်းကြေးခေါင်းလောင်းနှင့် ရှေးဟောင်းပန်းပုထုထားသော လူရုပ်နှစ်ခု ရှေးဟောင်းတုတ်တစ်ချောင်းတို့ကို တောင်ကုန်းဘုန်းတော်ကြီးကျောင်းပေါ်၌ လေ့လာကြည့်ရှုနိုင်ကြောင်း သိရ သည်။

သန်းမောင်လေး (ကချင်မြေ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရှေးဟောင်းကြေးခေါင်းလောင်းတစ်ခု တောင်ကုန်းဘုန်းကြီးကျောင်း၌ တွေ့ရှိ ရှေးဟောင်းကြေးခေါင်းလောင်းတစ်ခု တောင်ကုန်းဘုန်းကြီးကျောင်း၌ တွေ့ရှိ Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.