ဘီလူးချောင်း မိုးဗြဲရေကာတာအနီးကျေးလက် (၇) အုပ်စု ယနေ့တိုင်လျှပ်စစ်မီးမရသေး

သျှမ်းပြည်နယ် ၊ တောင်ပိုင်း တောင်ကြီးခရိုင် ၊ ညောင်ရွှေမြို့နယ်၏တောင် ဘက် ၊ အင်းလေးကန်၏ အနောက်ဖက်ခြမ်းတွင်တည်ရှိသော လုံကန်ကျေး ရွာအပါအဝင် စံကားဒေသ (၇) အုပ်စုသည် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ခေတ်အဆက်ဆက် အစိုးရထံတောင်းဆိုလာသော် လည်း ယနေ့ထက် ထိမအောင်မြင်နိုင်သေးကြောင်း သိရသည် ။
မိုးဗြဲရေကာတာအနီး စံကားဒေသ သဘာဝ
” အဲ့ဒီဒေသကြီးကလေ အစိုးရအဆက်ဆက်က မေ့လာကြတာ၊ ဟိုနေရာ လိုလို ဒီနေရာလိုလို နဲ့မေ့ နေကြ တော့ တကယ်တမ်း တစ်နိုင်ငံလုံးအတွက် လျှပ်စစ် မီးပေးဖို့အတွက် အဲ့ဒီဒေသကလူမှုဘဝတွေ ၊ သဘာဝ ပတ်ဝန်း ကျင်တွေ အကုန်လုံးပျက်စီး ဆုံးရှုံးခဲ့ရတာ အစိုးရအဆက်ဆက်က တာဝန်မ ကျေခဲ့ တာလေ ခုလူထုအစိုးရဆိုရင်တော့ ဒါကြီးကိုတာဝန် ကျေစေချင် တယ် ” ဟု Justice Drum အဖွဲ့မှ ဦးအောင်ဇေ ကပြောသည် ။
မိုးဗြဲရေကာတာအနီး စံကားဒေသ သဘာဝ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရေးအတွက် လွန်ခဲ့သောနှစ် ပေါင်းလေးဆယ်ကျော် ၊ ၁၉၇၀ ခုနှစ်ကတည်းက ဘီလူးချောင်းအတွင်း မိုးဗြဲ ရေ ကာတာတည်ဆောက်ရာတွင် အဆိုပါ စံကားဒေသ (၇) အုပ်စုသည် လယ်ယာမြေ နှင့် အိုးအိမ်များဆုံးရှုံးခဲ့ရသော်လည်း အဆိုပါဒေသတွင် ယနေ့ထက်ထိ လျှပ်စစ်မီးမ ရ ရှိသေးကြောင်းသိရသည် ။

” လျှပ်စစ်မီးသာရမယ်ဆိုရင် သစ်တောတွေမဖြုန်းတီးတော့ဘူးပေါ့ ၊ ထင်း ခုတ်တာတွေလျော့နည်းလာမယ် ၊ နေ့စဉ်စားဝတ်နေရေးအတွက်ဒီ ထင်း တွေနဲ့ပဲအသုံးပြုနေရတော့ သစ်ပင်တွေခုတ်ရတာများတယ် သစ်တော ဖြုန်းတီးမှုတွေဖြစ်ပြီး မိုးတွေလဲ နည်းလာတယ် ရေခမ်းခြောက်မှု တွေဖြစ်လာ တယ် ၊ အဓိကတော့ ဒီလျှပ်စစ် မီးသာ ရမယ်ဆိုရင် အကုန်လုံးအဆင်ပြေ သွားလိမ့်မယ်” ဟုလုံကန် ဒေသခံ ဦးစိုးလယ်ကရှင်းပြသည် ။
မိုးဗြဲရေကာတာအနီး စံကားဒေသ သဘာဝ
လျှပ်စစ်မီးရရှိရေးအတွက် ခေတ်အဆက်ဆက်ကျေးရွာဥက္ကဌအဆင့် ဆင့်က တောင်းဆိုလာခဲ့သော်လည်း ယနေ့ထက်ထိ လျှပ်စစ်မီးမရရှိခြင်း ၊လမ်းပမ်း ဆက်သွယ်ရေးဆိုးရွားခြင်းကြောင့် ဒေသအတွင်း ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ အခွင့်အရေးများ အဘက်ဘက် ဆုံးရှုံးနစ်နာခဲ့ရကြောင်း လုံကန်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးစိန်အောင် ကပြောသည် ။
” ပညာရေးလဲတအားနောက်ကျခဲ့တယ် ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ ၊ မဲလာ ဆွယ်တုန်းကတော့ အဘက် ဘက်အဖွဲ့ဖွဲ့က ချက်ချင်းပဲမီး ရတော့မယ့် ပုံစံမျိုးနဲ့မဲလာဆွယ်ကြတယ် ။ ဒါပေမဲ့ ခုထိကွင်းဆင်းစစ် ဆေးတာမျိုး ၊ လာကြည့်တာ မျိုးလိုအပ်ချက်တွေ တောင်းဆိုထားတာတွေ ဘာတစ်ခုမှလာ မ လုပ်ပေးသေးဘူး ” ၄င်းကဆိုသည် ။

စံကားဒေသ (၇) အုပ်စုမီးလင်းရေးနှင့်ပတ်သက်၍ ညောင်ရွှေမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကို ဆက်သွယ်မေးမြန်းရာ – အဆိုပါဒေသမီးလင်းရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်က ပြည်ထောင်စု လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ဖူးသော်လည်း ၂၀၁၈- ၁၉ ဘတ်ဂျက်ကာလတွင်မပါသေးကြောင်း သိရသည် ။

လမ်းပန်းဆက်သွယ်ရေးဆိုးရွားသောကြောင့် လူနာများအချိန်မှီ ဆေးရုံမ ရောက်နိုင်သဖြင့်လမ်းတွင် အသက်ဆုံးရှုံးခဲ့ရမှုများ မကြာခဏဖြစ်ပေါ်နေ တတ်ပြီး မိုးတွင်းရောက်လျှင်ကားများပင်မရောက် သွားနိုင်တော့ကြောင်း ဒေသခံများပြောဆိုချက်အရသိရသည် ။

” ဒီကဒေသခံတွေက ပြောင်းဖူးတွေစိုက်တယ် လမ်းသာပေါက်သွားရင် ၊ လမ်းကောင်းသွားရင် တောင်သူ တွေအတွက် ပိုပြီးဈေးကောင်းရနိုင်တယ် ၊ လမ်းကအဲ့ဒေသအတွက် တော်တော် အရေးကြီးတယ်” ဟု ဦးအောင်ဇေ ကပြောသည် ။
စံကားဒေသ လုံကန်ကျေးရွာအုပ်စုသည် ညောင်ရွှေမြို့နယ်တောင်ဖက်ခြမ်းရှိ မိုင်(၅၀) ကျော်အကွာတွင် တည်ရှိပြီး အိမ်ခြေပေါင်း (၆၀၈) ၊ အိမ်ထောင်စု(၆၃၃) စု၊ လူဦးရေပေါင်း ၃၀၅၄ ဦး ရှိပြီး လမ်းပမ်းဆက်သွယ် ရေးခက်ခဲသော ဒေသ တစ်ခုလည်းဖြစ်သည် ။

သျှမ်းပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးအနက် လျှပ်စစ်ဓါတ်အားအများဆုံး ထွက်ရှိသည့် ပြည်နယ် ဖြစ်သော်လည်း လက်ရှိအချိန်အထိ ကျေးရွာပေါင်းထောင်နှင့်ချီ လျှပ်စစ်မီးမရရှိသေးပေ။

သျှမ်းသံတော်ဆင့် /ယိင်းတိုင်း
http://burmese.shannews.org/
ဘီလူးချောင်း မိုးဗြဲရေကာတာအနီးကျေးလက် (၇) အုပ်စု ယနေ့တိုင်လျှပ်စစ်မီးမရသေး ဘီလူးချောင်း မိုးဗြဲရေကာတာအနီးကျေးလက် (၇) အုပ်စု ယနေ့တိုင်လျှပ်စစ်မီးမရသေး Reviewed by THITHTOOLWIN on 14:46 Rating: 5
Powered by Blogger.