မွေးကင်းစကလေးတစ်ဦး အမှိုက်ပုံတွင် သေဆုံးလျက်တွေ့ရှိ


မန္တလေးမြို့ ၊ ချ မ်းမြသာစည်မြို့ နယ် အောင်သာယာရပ်ကွက် ၄၆ လမ်းနှင့် ၄၇လမ်းကြားရှိ အမှိုက်ပုံတွင် မွေးကင်းစကလေးတစ်ဦးကို သေဆုံးလျက် မတ်လ (၁၇)ရက် မွန်းလွဲ ၁နာရီခွဲခန့်က တွေ့ရှိရသည်ဟု နယ်မြေခံရဲတပ်ဖွဲ့မှ သိရသည်။

မွေးကင်းစကလေးငယ်သည် မိန်းကလေးတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်၊ ခြေ၊၊ လက် အင်္ဂါ စုံလင်စွာဖြင့်ဝမ်းဗိုက်ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်သေဆုံးနေခြင်းကို နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ခင်ဇော်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ဒေသခံများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

၎င်းကလေးငယ်မွေးဖွားကြောင်းကို တမင်ထိန်ချ န်၍ ကလေးအလောင်းအား တမင်ထိန်ချန်ပြီး စွန့်ပစ်သွားသူကို အောင်ပင်လယ်နယ်မြေရဲစခန်းမှ(ပ)၁၄၃/၂၀၁၈၊ ဥပဒေပုဒ်မ-၃၁၈ဖြင့်အမှု့ ဖွင့်ထားပြီး စွန့်ပစ်သွားသူကိုလည်း စုံစမ်းအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Min Thant
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မွေးကင်းစကလေးတစ်ဦး အမှိုက်ပုံတွင် သေဆုံးလျက်တွေ့ရှိ မွေးကင်းစကလေးတစ်ဦး အမှိုက်ပုံတွင် သေဆုံးလျက်တွေ့ရှိ Reviewed by THITHTOOLWIN on 07:41 Rating: 5
Powered by Blogger.