တောင်သမန်အင်း နေ၀င်ချိန်ကြည့်ရှုသည့် နိုင်ငံခြားသား ခရီးသွားများနောက်ပြန်လှည့်မှု များရှိနေ


မန္တလေး၊အမရပူရမြို့နယ်၊တော်သမန်အင်းနှင့် ဦးပိန်တံတားသို့ နိုင်ငံခြား ခရီးသွားများက နေ၀င်ချိန် လာ ရောက်ကြည့်ရှုကြရာ၌ အင်းရေအနံ့ဆိုး များရှိသဖြင့်၂၀၁၇-၁၈ ခရီးသွားရာသီတွင် ပြန်လှည့် သွားမှုများရှိနေရာ စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ကြောင်း ခရီးသွားလာရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

“သာမန်ကြည့်ရင် သာယာလှပတယ်။အနားမှာသွားပြီးအနံ့ရှူ ကြည့်ရင် နံနေတော့ နေ၀င်ချိန်အလှကို ခံစားလို့မရဘူး။ပြန်လှည့်သွားတဲ့ ဧည့်သည်ေ တွရှိလာတော့ လတ်တလောမြင်တာက ဦးပိန်တံတားမှာ ခရီးသွားစိတ် ၀င်စားမှု အကျဘက်ရောက်နေပြီ။ခရီးသွားဧည့်သည်မလာရင် ဒေသခံေ တွအကျိုးမဲ့မယ်။ အတိုဆုံးပြောရရင် စနစ်ကျတဲ့ စီမံခန့်ခွဲမှု လိုနေတယ်။”ဟု ၄င်းက ပြောသည်။

ဦးပိန်တံတားအောက်တွင် ယခင်ရှေးကတည်းက ကန်မန်းကျီးချောင်း တစ်ခု ရှိပြီး အနံ့အသက်များ ကြောင့် နေ၀င်ချိန်ကြည့်ရှုသည့် နိုင်င့ခြားခရီးသွား များပြန်လှည့် သွားမှု များရှိလာကြောင်း၊မြို့တော် စည်ပင်သာယာမှ အနံ့ အသက်များပျောက်ကင်းရန်အတွက် အင်းရေပြင်မှ ဗေဒါနှင့် အမှိုက်များကို မတ်လ ၆ ရက်နေ့မှ စတင်ဆယ်ယူနေရာ အနံ့ဆိုးများမရှိသလောက် အခြေ အနေရှိကြောင်းသိရ သည်။

“ဗေဒါနဲ့ အမှိုက်တွေပိတ်နေတော့ နံတာပေါ့။အရှေဘက်ခြမ်းပြီးလို့ အနော က်ဘက် ခြမ်းဆယ်နေပြီ။် ရေစီးဆင်းအောင်လုပ်လိုက်တဲ့အတွက် ပိတ်နေ တာ တွေပွင့် သွားလို့ အနံ့အသက်မရှိ တော့ဘူး။ ဘဲမွေးတဲ့သူတွေကြောင့် အဲဒီဘဲနံ့တွေ ရှိနေတယ်။”ဟု စည်ပင်သာယာ သန့်ရှင်းရေးဌာမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

တောင်သမန်နှင့် ဦးပိန်တံတားပတ်ဝန်းကျင်တွင် စနစ်တကျမရှိသော ဆိုင်ခန်းများကစည်ပင်သာယာမှ အမှိုက်ပုံးများချထားပေးသော်လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ် ခြင်း၊တောင်းရမ်းသူများနှင့် ရေဆိုးနံ့ များကြောင့် လာရောက်သည့် ပြည်တွင်းပြည်ပ ဧည်သည်များအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင် ရာ အနှောက်အယှက်ဖြစ်နေကြောင်းသိရသည်။

အမရပူရဒေသခံတစ်ဦးကလည်း “တံတားအောက်မှာ ရှေးက တည်းက ရှိနေတဲ့ ကန်မန်းကျီးချောင်း က ကောနေလို့ အနံ့တွေနံနေလို့ ပြန်လည် ဆယ်ယူဖို့ လိုတယ်။ အဲဒီချောင်းကို ဖေါ်လိုက်ရင်ရေ ကျသွားပြီး တိမ်မြုပ်ေ နတဲ့ မြေတွေပေါ်လာမယ်။လယ်သမား တွေ အကျိုးရှိတယ်။”ဟု အကြံပြုေ ပာ ကြားသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် တောင်သမန်ပတ်ဝန်းကျင်သန့်ရှင်းသာ ယာ လှပရေးအတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Mandalay News
https://www.facebook.com/lin.aung.777/
တောင်သမန်အင်း နေ၀င်ချိန်ကြည့်ရှုသည့် နိုင်ငံခြားသား ခရီးသွားများနောက်ပြန်လှည့်မှု များရှိနေ တောင်သမန်အင်း နေ၀င်ချိန်ကြည့်ရှုသည့် နိုင်ငံခြားသား ခရီးသွားများနောက်ပြန်လှည့်မှု များရှိနေ Reviewed by THITHTOOLWIN on 14:03 Rating: 5
Powered by Blogger.