နှစ်နိုင်ငံကြား Zero Line က ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို စတင်ပြောင်းရွှေ့


မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားက လူမနေရ နယ်နိမိတ် Zero Line မှာ ရောက်နေတဲ့ ဘင်္ဂလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စတင်ပြောင်းရွှေ့နေပါတယ်။ ဖေဖော်ဝါရီလ(၂၆) ဒီနေ့က စတင်ပြောင်းရွှေ့နေတာလို့ အမှတ်(၁)နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက ပြောပါတယ်။ သူတို့ရဲ့ တဲတွေကို ဖျက်ပြီး ပြောင်းရွှေ့တာဖြစ်ပါတယ်။


 ဖေဖော်ဝါရီ (၂၀)ရက်က ရခိုင်ပြည်နယ်က တောင်ပြိုလက်ဝဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခရိုင်အဆင့် နယ်စပ်အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးနောက် အခုလို ပြောင်းရွှေ့ကြတာဖြစ်ပါတယ်။

 Zero Line မှာ ဘင်္ဂါလီ (၈၀၀၀)ခန့် နေထိုင်တယ်လို့ သိရပြီး မပြောင်းရွှေ့ဘဲ ကျန်သေးသူ (၂၀၀၀)နီးပါးရှိတယ်လို့ သိရပါတယ်။

သတင်း - လ၀န်းရံ(စစ်တွေ)(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
နှစ်နိုင်ငံကြား Zero Line က ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို စတင်ပြောင်းရွှေ့ နှစ်နိုင်ငံကြား Zero Line က ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို စတင်ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 13:03 Rating: 5
Powered by Blogger.