ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် Zero Line Areaတွင်း ခိုလှုံနေသူတွေအရေး ဆွေးနွေး

 မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ခရိုင်အဆင့် တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေး
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့အပြီး နေအိမ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ် မြန်မာ နှစ်နိုင်ငံကြား နယ်စပ် Zero Line Area တွင်းမှာ ခိုလှုံနေကြသူတွေရဲ့ အရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် တောင်ပြို လက်ဝဲ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ခန်းမမှာ နှစ်နိုင်ငံ ခရိုင်အဆင့် ဆွေးနွေးခဲ့ကြပါတယ်။

Zero Line အတွင်း နေထိုင်နေသူ ၅ထောင်ကျော်ကို မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုဖို့ မြန်မာ အစိုးရဘက်က မူအားဖြင့် သဘောတူလိုက်ပြီ ဖြစ်ကြောင်းနဲ့ သူတို့ကို ပြန်လက်ခံမယ့် နေ့ရက် အတိအကျကိုတော့ မသတ်မှတ်ရသေးကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေးဆိုင်ရာ မင်းကြီး အဘူကာလမ် က ပြောပါတယ်။

Zero Line Area နေနေသူ ၆ထောင်ကျော် ရှိမယ်လို့ အရင်က ခန့်မှန်းခဲ့ပေမယ့် တထောင်လောက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးသွားခဲ့ပြီလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း ပြည်ထဲရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲ နောက်ပိုင်း အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆လတာကာလအတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူပေါင်း ၇သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ