တောင်ဆူဒန် အရာရှိတွေကို စွဲချက်တင်ဖို့ UNHCR ပြောကြား


တောင်ဆူဒန် နိုင်ငံက ထိပ်ပိုင်းအရာရှိ ၄၁ ဦးကို စစ်ရာဇဝတ်မှု၊ လူသားဖြစ်တည်မှုဆန့်ကျင်တဲ့ပြစ်မှုတွေနဲ့ တရားစွဲဆိုရန် သက်သေ အထောက်အထား အလုံအလောက် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် UNCHR က သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

အဲဒီလို အပြစ်ရှိတဲ့ အရာရှိစာရင်း ကို UNHCR လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein အယ်လ် ဟူစိန်ထံ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ စာရင်းထဲမှာ ဗိုလ်ချုပ်ကြီး ၃၃ ဦး၊ ဗိုလ်မှူးကြီး ၅ ဦးနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ၃ ဦးတို့ ပါဝင်ကြောင်း နဲ့ သူတို့ကို စစ်ဆေးဖို့ ကမ္ဘောဒီးယားနိုင်ငံမှာ ဖွဲ့စည်းခဲ့သလို ကုလသမဂ္ဂတရားရုံးကို ဖွဲ့စည်းရန် ချက်ခြင်းစတင်ဆောင်ရွက်နိုင်ကြောင်းလည်း UNHCR အရာရှိတဦးက ပြောဆိုပါတယ်။

၎ နှစ်ကြာခဲ့ပြီဖြစ်တဲ့ တောင်ဆူဒန်နိုင်ငံ ပြည်တွင်းစစ်မှာ သေဆုံးသူ ၃သိန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပြီး ခေါင်းဖြတ်သတ်မှု၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု နဲ့ တခြားနှိပ်စက်မှု မျိုးစုံပါဝင်ပါတယ်။ UNHCR က အခုတင်ပြခဲ့တဲ့ အစီရင်ခံစာမှာ သက်သေ ၂၃ဝ ဦးရဲ့ ထွက်ဆိုချက်တွေ ကို အခြေခံတဲ့ စာရွက်စာတမ်း ငါးသောင်းရှစ်ထောင်ခန့် ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တောင်ဆူဒန် အရာရှိတွေကို စွဲချက်တင်ဖို့ UNHCR ပြောကြား တောင်ဆူဒန် အရာရှိတွေကို စွဲချက်တင်ဖို့ UNHCR ပြောကြား Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.