Mobile Baking Password စာရွက်အား ခိုးယူ၍ ဘဏ်မှငွေခိုးထုတ်ယူ သွားသူအား ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ကမ္ဘောဇဘဏ်ခွဲ(၄၆)မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် က Mobile Baking Password စာရွက်အား ခိုးယူ၍ ဘဏ်မှငွေခိုးထုတ်ယူ သွားသူအား အမှတ်(၈)မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲရပ်နေ နိုင်မျိုးဆွေ(၃၂)နှစ်သည် မန္တလေးကမ္ဘောဇဘဏ်ခွဲ(၄၆)တွင် ဘဏ်အကောင့်ဖွင့်ပြီး ငွေသွင်းရန်ရှိသဖြင့် သူငယ်ချင်းဖြစ်သူ ခိုင်လင်းအား ဖုန်းဆက်၍ ဘဏ်တွင် စောင့်ပေးရန် ပြောဆိုပြီး သွားရောက်ခဲ့ပါသည်။

 ဘဏ်တွင် ခိုင်လင်းနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ မမယ်မဒီလွင်တို့(၂)ဦးအား တွေ့ရှိရပြီး ၎င်းတို့နှင့်အတူ ငွေကျပ်(၁၃) သိန်းအား ဘဏ်သို့သွင်းရာ ဘဏ်မှပေးသော Mobile Baking Password စာရွက်အား အနွေးထည်အိတ်ကပ်ထဲထည့်ပြီး ပြန်လာစဉ် မမယ်မဒီလွင်မှ ဆိုင်ကယ်အား ဆီထည့်မည်ပြောကာ ထွက်သွားခဲ့ရာ နိုင်မျိုးဆွေနှင့် ခိုင်လင်းတို့မှာ နေအိမ်သို့ ပြန်ခဲ့ကြောင်း သိရသည်။

 မွန်းလွဲ ၁ နာရီ ၆ မိနစ်အချိန် ဘဏ်မှ ၎င်းအပ်နှံထားသည့် ငွေကျပ်(၁၃)သိန်းအား ဖုန်းအမှတ် ၀၉-၂၅××××××× သို့ လွှဲလိုက်ကြောင်း ၎င်းဖုန်းသို့ မက်ဆေ့စ်ဝင်လာသဖြင့် ဘဏ်မှ ပေးလိုက်သည့် Mobile Baking Password စာရွက်အား ကြည့်ရှုရာ မတွေ့ရှိတော့သဖြင့် ဘဏ်ကို သွားရောက်မေးမြန်းခဲ့သည်။

ဘဏ်မှ Mal Madi Lwin အကောင့်ထံသို့လွှဲပြီး မမယ်မဒီလွင်မှ ထုတ်ယူသွားကြောင်း သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၈)မြို့မရဲစခန်း(ပ)၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
Mobile Baking Password စာရွက်အား ခိုးယူ၍ ဘဏ်မှငွေခိုးထုတ်ယူ သွားသူအား ဖမ်းဆီးအရေးယူထား Mobile Baking Password စာရွက်အား ခိုးယူ၍ ဘဏ်မှငွေခိုးထုတ်ယူ သွားသူအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.