KIA အဖွဲ့ မှ ဘက်ဟိုးယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး

KIA အကြမ်းဖက်သောင်းကျန်းသူများက လမ်းတံတားလုပ်ငန်း ဆောင်ရွက်နေသော ဘက်ဟိုးယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကြောင်း တစ်လျှောက် လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သော လပြည့် ကုမ္ပဏီမှ ဟီတာချီ (၂၁ဝ) အမျိုးအစား ဘက်ဟိုး ယာဉ်တစ်စီးအား ဆွန်ပီယန် မှ ပူတာအိုသို့ သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးဖြင့် သယ်ဆောင်လာစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဝဒက်ရွာအနီး မိုင်တိုင် ၁၇၉ သို့အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများက ရပ်တန့်စေပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ် နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်
KIA အဖွဲ့ မှ ဘက်ဟိုးယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး KIA အဖွဲ့ မှ ဘက်ဟိုးယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.