IS အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းသူ ထောင် ၇ နှစ်ချမှတ်

IS အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းသူ ထောင် ၇ နှစ်ချမှတ်
IS အဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်တဲ့ အင်ဒိုနီးရှားကွန်ယက်အဖွဲ့တခုရဲ့ခေါင်းဆောင်ဖြစ်သူကို ဖိလစ်ပိုင်နိုင်ငံက သေနတ်တွေ မှောင်ခိုတင်သွင်းမှုနဲ့ အင်ဒိုနီးရှားတရားရုံးတခုကနေ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။

အန်ရှိုရီ (Anshori) လို့ခေါ်တဲ့အဲဒီလူဟာ အင်ဒိုနီးရှားအရှေ့ပိုင်းမှာ ဂျီဟတ် ဘာသာရေးစစ်ပွဲဆင်နွှဲရေးအတွက် စစ်သင်တန်းဖွင့်ဖို့ အားထုတ်နေတယ်လို့ တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အန်ရှိုရီကို ပြီးခဲ့တဲ့ဧပြီလက အရှေ့ဂျာဗားပြည်နယ်မှာ ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်စီးနင်းဖို့ ကြိုးစားစဉ် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ လက်နက်ကိုင် ၆ ယောက် သေဆုံးခဲ့ပါတယ်။

အန်ရှိုရီ ဦးဆောင်တဲ့ ကွန်ရက်အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ရဲတပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် စုစုပေါင်း လူ ၈ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို လုပ်ခဲ့သူတွေလို့ အာဏာပိုင်တွေက ယူဆကြပါတယ်။

အန်ရှိုရီ ဟာ ရိုင်ဖယ်နဲ့ပစ္စတိုသေနတ်တွေ ဝယ်ယူသူတဦးဆီကနေ အမေရိကန်ဒေါ်လာ ၂ သောင်း ရယူခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီသေနတ်တွေ ဝယ်ယူသူဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရပြီးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
IS အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းသူ ထောင် ၇ နှစ်ချမှတ် IS အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းသူ ထောင် ၇ နှစ်ချမှတ် Reviewed by THITHTOOLWIN on 00:44 Rating: 5
Powered by Blogger.