ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC လွှဲပြောင်းရေး ဗြိတိန်အမတ် တောင်းဆို

ဥရောပသမဂ္ဂ (EU)ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲဆိုတာ ဆွေးနွေး ဖို့ ရှိနေပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် မြန်မာနိုင်ငံရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး(ICC)ကို လွှဲပြောင်းရေး ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ခံတင်ပြ ဖိအားပေးဖို့ ဗြိတိန်လွှတ်တော်အမတ် ၁၀၂ ယောက်က လက်မှတ်ရေးထိုး တောင်းဆို လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဥရောပသမဂ္ဂ (EU)ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ ဆိုတာ ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲမှာ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက ကျန်အီးယူဝန်ကြီးတွေကို ဖိအားပေး တောင်းဆိုဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ အထောက်အထားတွေ အများအပြား တွေ့လာ ရပြီမို့ နောက်ထပ်ခြေတလှမ်းတိုးဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းလာတာလို့ ဘားမား ကန်းပိန်း ယူကေ အဖွဲ့ရဲ့ ဒါရိုက်တာ Mark Farmanerက ပြောပါ တယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရနဲ့ လွှတ်တော် ရပ်တည်ချက်က ကွာဟပေမယ့် အခု လွှတ်တော်အမတ်တွေ တညီတညွတ်တည်း တောင်းဆိုတယ်ဆိုတာ အလွန် ဖြစ်ခဲတဲ့ အဖြစ်အပျက် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC လွှဲပြောင်းရေး ဗြိတိန်အမတ် တောင်းဆို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC လွှဲပြောင်းရေး ဗြိတိန်အမတ် တောင်းဆို Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.