ဖိလစ်ပိုင်အလုပ်သမားတွေကို ကာကွယ်ပေးဖို့ ကူဝိတ်ကို HRW တိုက်တွန်း


ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ် အပြည့်အဝပေးဖို့ ကူဝိတ်အစိုးရကို HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အလုပ်သမားအရေး ဆွေးနွေးဖြေရှင်းဖို့ ဖိလစ်ပိုင်ကိုယ်စားလှယ်အဖွဲ့ ကူဝိတ်ကို ဒီနေ့ရောက်သွားချိန်မှာ HRW က အခုလို တိုက်တွန်းလိုက်တာပါ။

တဘက်မှာလည်း ကူဝိတ်ကို အလုပ်သမားတွေ သွားခွင့်မပြုတော့ဘူးလို့ ပိတ်ပင်လိုက်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့လုပ်ရပ်ကို HRW အဖွဲ့က ဝေဖန်လိုက်ပါတယ်။ အဲဒီလိုပိတ်ပင်တားမြစ်မယ်ဆိုရင် တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ ထွက်သွားနိုင်တဲ့အတွက် အလုပ်သမားတွေအတွက်ပိုပြီး ဒုက္ခတွေ့နိုင်တယ်လို့ HRW အဖွဲ့ထောက်ပြပါတယ်။

ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင်အိမ်ဖေါ်တယောက်ကိုသတ်ပြီး အသားထည့်တဲ့ ရေခဲသေတ္တာကြီးထဲ ထည့်ထားတဲ့ဖြစ်ရပ်တခု ဒီလအစောပိုင်းမှာ တွေ့ခဲ့ရတဲ့နောက်၊ သမ္မတဒူတာတေးက ဖိလစ်ပိုင် အလုပ်သမားတွေကို ကူဝိတ်သွားခွင့်ပိတ်လိုက်တာပါ။

အခုအခါ အလုပ်သမားတွေအရေးကိစ္စဖြေရှင်းဖို့ ဖိလစ်ပိုင်အလုပ်သမားဝန်ကြီး ဆီရီရာကို လာဂန်ဇက် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကူဝိတ်နိုင်ငံကို ရောက်နေသလို၊ အဲဒီကနေ ဆော်ဒီအာရေဘီးယားနဲ့ ကာတာနိုင်ငံတို့ကို ဆက်သွားမှာဖြစ်ပါတယ်။ အဲဒီအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဖိလစ်ပိုင်အလုပ်သမား ၂ သန်းကျော်ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ