Cobra Gold ၂၉-နိုင်ငံ စစ်ရေးလေ့ကျင့်ပွဲ မြန်မာ မတက်ရောက်

Cobra Gold ၂၉-နိုင်ငံ စစ်ရေးလေ့ကျင့်ပွဲကို လာရောက်လေ့လာသော မြန်မာတပ်မတော် အရာရှိတစ်ဦးကို တွေ့ရစဉ်/ Photo: AP
အမေရိကန် တပ်ဖွဲ့များနဲ့ အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံများ စုစုပေါင်း နိုင်ငံ ၂၉-နိုင်ငံက တပ်ဖွဲ့ဝင် တစ်သောင်း တစ်ထောင်ကျော်ပါဝင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်ပွဲကို ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပေမယ့် မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ထိုင်းစစ်တပ်က ဗိုလ်ချုပ်ကြီး Srisuwan က မြန်မာနိုင်ငံကို ဖိတ်ကြားတယ်လို့ ပြောဆိုပေမယ့် လွှင့်တင်ထားတဲ့ နိုင်ငံ ၂၉ နိုင်ငံ အလံတွေမှာ မြန်မာအလံ ပါဝင်ခြင်းမရှိပါဘူး။ မြန်မာ့တပ်မတော် ကိုယ်စားလှယ်  ၃ ဦး ဖိတ်တယ်လို့ ပြောပေမယ့် လေ့လာသူတစ်ဦးကိုသာ မြင်ရတယ်လို့ အေပီသတင်းဌာနက ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကတော့ စစ်ရေးလေ့ကျင့်တဲ့ နိုင်ငံအဖွဲ့တွေထဲမှာ မြန်မာနိုင်ငံမပါဘူး၊ အရင်ကလည်း မြန်မာဟာ တက်တက်ကြွကြွပါဝင်တာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အမေရိကန် အထက်လွှတ်တော် စစ်လက်နက်ကော်မတီ ဥက္ကဌ ဂျွန်မက်ကိန်း ကလည်း လူ့အခွင်အရေး ချိုးဖေါက်တဲ့ မြန်မာတပ်ဖွဲ့နဲ့ အမေရိကန်တပ်ဖွဲ့တွေ လက်တွဲ လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခုပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ပွဲဟာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သလို သဘာဝဘေး အန္တရာယ် ကျရောက်ချိန်မျိုးမှာ လူသားချင်းစာနာမှု ကယ်ဆယ်မှု အကူအညီတွေ ပေးနိုင်ဖို့ နှစ်စဉ်လေ့ကျင့်တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
Cobra Gold ၂၉-နိုင်ငံ စစ်ရေးလေ့ကျင့်ပွဲ မြန်မာ မတက်ရောက် Cobra Gold ၂၉-နိုင်ငံ စစ်ရေးလေ့ကျင့်ပွဲ မြန်မာ မတက်ရောက် Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.