ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဌားယာဉ်များ City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁ဝဝဝဝ ခန့် ကျန်ရှိ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော City Taxiအဖြစ်ပြောင်းလဲ ပြေးဆွဲနေသော အဌားယာဉ်များအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)
 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အဌားယာဉ်များကို City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁၀၀၀၀ခန့် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ယင်း City Taxi အဖြစ် မှတ်ပုံတင်ရန် ကျန်ရှိနေသေးသော အငှားယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) မှတ်တမ်းများနှင့် စိစစ်ကာ လုပ်ငန်းလိုင်စင် ပိတ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

City Taxi အဖြစ် မှတ်ပုံတင်ပြုလုပ်မှုကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားကာ ကျန်ရှိနေသည့် ယာဉ်များအတွက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက် သော်လည်း ဖေဖော်ဝါရီလအတွင်းသို့ ရောက်ရှိလာသည့်တိုင် အစီးရေ ၁ဝဝဝဝ ခန့်မှာ မှတ်ပုံတင်ရန် ကျန်ရှိနေကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com/myanmar
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဌားယာဉ်များ City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁ဝဝဝဝ ခန့် ကျန်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဌားယာဉ်များ City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁ဝဝဝဝ ခန့် ကျန်ရှိ Reviewed by THITHTOOLWIN on 15:50 Rating: 5
Powered by Blogger.