နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းကြီးလျှိုကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား


ဖေဖော်ဝါရီ ၁၃  ယနေ့ နံနက် ၈ နာရီခန့်က နေပြည်တော် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု ဘုန်းကြီးလျှို(ကြပ်မြောင်) ကျေးရွာနေ လူငယ်တစ်ဦးဟာ လက်ပစ်ဗုံးတစ်လုံးကို ရွာအတွင်းကတွေ့ရှိပြီး သယ်လာ စဉ် ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

 အဲဒီပေါက်ကွဲမှုကြောင့် အသက် (၁၃)နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦးနဲ့ (၁၀)လသားအရွယ် ကလေးငယ်တစ်ဦးမှာ ဗုံးစထိမှန်ပြီး ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို မနက်(၉)နာရီအချိန်မှာ ကုတင်(၂၅)ဆံ့ စစ်ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး အဲဒီကနေတစ်ဆင့် ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကို ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။


 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေး နဲ့ အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ကနဦးသတင်းရရှိပါတယ်။ သတင်းအပြည်အစုံကို ပြည်တွင်းသတင်းတွေမှာ ဆက်ပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို နေပြည်တော်ဗျူရိုက ကောင်းဆုသာပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းကြီးလျှိုကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းကြီးလျှိုကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.