မြောက်ကိုရီးယားကို အပြင်းထန်ဆုံး ကန် ပိတ်ဆို့


နျူကလီးယားနဲ့ ဒုံးကျည်အစီစဉ်တွေ စွန့်လွှတ်ဖို့ ဖိအားပိုပေးရင်း မြောက်ကိုရီးယားကို အပြင်းထန်ဆုံးအရေးယူပိတ်ဆို့ဒဏ်ခတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က မနေ့က ပြောကြားလိုက်ပါတယ်။

လူတယောက်၊ ကုမ္ပဏီ ၂၇ ခုနဲ့ သင်္ဘော ၂၈ စင်းကို အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့ပါတယ်။ သင်္ဘောတွေဟာ မြောက်ကိုရီးယား၊ တရုတ်၊ စင်ကာပူ။ ထိုင်ဝမ်၊ ဟောင်ကောင်၊ မာရှယ်ကျွန်း၊ တန်ဇန်းနီးယား၊ ပနားမားနဲ့ Comoros နိုင်ငံတွေမှာ ရှိရင်ရှိ၊ မှတ်ပုံတင်ရင်တင်၊ ဒါမှမဟုတ်အလံလွှင့်ထားတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယား ရေကြောင်းကုန်စည်တင်ပိုရေးလုပ်ငန်းနဲ့ ကုန်သွယ်ရေးကုမ္ပဏီတွေအပြင် သင်္ဘောတွေ အနှောင့်အယှက်ဖြစ်ပြီး ပြုံယမ်း ပိုပြီး အထီးကျန်သွားအောင်စီစဉ်တာလို့ အမေရိကန်ဘဏ္ဍာရေးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

ဒီလို မြောက်ကိုရီးယားကို အရေးယူဒဏ်ခတ်တာအလုပ်မဖြစ်ရင် အမေရိကန်ပြည်ထောင်စုက ဒုတိယတဆင့်တိုးမယ်လို့ သမ္မတထရမ့်က သတင်းထောက်တွေကို မနေ့ကပဲ ပြောပါတယ်။ ဘာကိုဆိုလိုတယ်ဆိုတာ သမ္မတက အတိအကျမပြောပေမဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူတာ အလုပ်ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်းတော့ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားကို အပြင်းထန်ဆုံး ကန် ပိတ်ဆို့ မြောက်ကိုရီးယားကို အပြင်းထန်ဆုံး ကန် ပိတ်ဆို့ Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.