ယောင်္ကျားများနှင့် အရက်အတူသောက်ရာမှ မုဒိန်းမှုဖြစ်ပွား


၈-၂-၂၀၁၈ ရက်နေ့ ည(၈း၂၀) အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်နေ မခိုင်(၄၈)နှစ် (ဘ)ဦးကျော်ပု သည် အကြော်ဝယ်ရန်နေအိမ်မှ ထွက်လာခဲ့ရာ
အကြော်ဆိုင်တွင် တွေ့ ရှိသူများနှင့် အရက်လိုက်သောက်စဉ် အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့် ခံရကြောင်း သိရပါသည်။

အကြော်ဆိုင်တွင် ကျောက်တံခါးမြို့ ကွင်းတောင်ရပ်ကွက်နေသူများ ဖြစ်ကြသည့် ပိုက်ထွေး(ဘ) ဦးသောင်းအေး၊ ဇော်ထွေး(ဘ)ဦးကျော်မြင့်၊ ချမ်းမြေ့သူ(ဘ)ဦးမှတ်ကြီး တို့(၃)ဦးရောက်ရှိလာပြီး
မခိုင်အား"အရက်တိုက်မယ်လိုက်ခဲ့ မခိုင်ကြီး" ဟု ခေါ်သဖြင့် မခိုင်မှလိုက်သွားခဲ့ခြင်း ဖြစ်သည်။

 ကွင်းတောင်ရပ်ကွက် ရှုထောင့်သစ်မုန့်ဟင်းခါးဖိုအနီး မြောင်းထဲသို့ရောက်သွားပြီး အရက်အတူ ထိုင်သောက်နေစဉ် ချမ်းမြေ့သူနှင့်ဇော်ထွေးတို့မှ မခိုင်၏ လက်နှစ်ဖက်ကို စွဲကိုင်ချုပ်ထားပြီး ပိုက်ထွေးမှ မခိုင်၏ ထဘီကို ဆွဲလှန်၍ အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်နေစဉ် မခိုင်မှ "ကယ်ကြပါအုံး" ဟုအော်လိုက်သဖြင့် မလှအေး(ဘ)ဦးဟန်မောင် နှင့် အောင်အောင်(ဘ)
ဦးမျိုးတင့်တို့ ရောက်ရှိလာပြီး မလှအေးမှ "နင်တို့ ဘာလုပ်နေတာလဲ" ဟုမေးရာ ပိုက်ထွေး
ဇော်ထွေးနှင့် ချမ်းမြေ့သူတို့ (၃)ဦးမှာ ထွက်ပြေးသွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ကျောက်တံခါးမြို့မ ရဲစခန်းခေတ္တ စခန်းမှူး ရဲ၅၄၇၁ ဒုရဲမှူး အောင်ကျော်ကျော်နှင့်အဖွဲ့မှ သွားရောက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို လိုက်လံဖမ်းဆီးရာ (၃)ဦးစလုံး ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား ကျောက်တံခါးမြိ့ ရဲစခန်း (ပ)၁၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄
ဖြင့် ဒုရဲမှူး အောင်ကျော်ကျော်မှ စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။

ကိုသက်မှုခင်းရှုထောင့် ကျောက်တံခါး
ယောင်္ကျားများနှင့် အရက်အတူသောက်ရာမှ မုဒိန်းမှုဖြစ်ပွား ယောင်္ကျားများနှင့် အရက်အတူသောက်ရာမှ မုဒိန်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.