စစ်တွေဒုက္ခသည်စခန်းမှ ပြန်လာသူ မာရမာကြီးတိုင်းရင်းသား မိသားစု ၂၆ စု အိမ်မရှိ၍ မောင်တောမြောက်ပိုင်းတွင် နေထိုင်ရေးအခက်ကြုံ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှ မီးရှို့ တိုက်ခိုက်ခံခဲ့ရသည့် လောင်းဒုံ ဖော်ကီးတောင်ရွာမှ မာရမာကြီးတိုင်းရင်း မိသားစု ၂၆ စုမှာ အစိုးရမှ အိမ်များဆောက်ပေးမည်ဟု ဆိုကာ စစ်တွေမြို့ ဒုက္ခသည် စခန်းမှ ကတိခံ ခေါ်ယူလာပြီးနောက် ယခု အချိန်ထိ အိမ်မဆောက် ပေးသဖြင့် နေရေးထိုင်ရေး အထူး ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

“ ကျွန်မတို့က အရေးအခင်းစဖြစ်တာနဲ့ လောင်းဒုံ ဖောကီးတောင် ရွာကနေထွက်ပြေးပြီး စစ်တွေ ဒုက္ခသည်စခန်းမှာ နှစ်လကျော် နေထိုင်ခဲ့ရပါတယ်။ အဲဒီမှာ နေထိုင်တာကို ကိုယ့်ရပ်ရွာကို ပြန်ရမယ်ဆိုပြီး မယက ကနေ စရိတ်ပေးပြီး ပြန်လွတ်ပါတယ်။ အိမ်ဆောက်ပေး၊ လိုအပ်တာ အားလုံး ပံ့ပိုးပေးမယ်လို့ ပြောတဲ့ အတွက် ပြန်လာပါတယ်။ အခု ဒီကို ပြန်ရောက်တာ ၃ လ နီးပါးရှိနေပါပြီ။ အိမ်လည်း မရှိ၊ နေစရာ ထိုင်စရာ မရှိတဲ့ အတွက် အထူး ဒုက္ခရောက်နေကြ ရပါတယ်” ဟု မာရမာကြီး အမျိုးသမီး ဒေါ်လှကျော့စိန်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

စစ်တွေ ဒုက္ခသည်စခန်းမှ ပြန်လာသူ မိသားစု ၂၆ စုတွင် ကျား ၅၀၊ မ ၅၁ ဦး စုစုပေါင်း ၁၀၁ ဦးရှိပြီး လက်ရှိ အချိန်တွင် ကြိမ်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် မီးလောင်ပြင် ဈေးဆိုင် တန်းများတွင် တဲထိုးနေထိုင်နေကြရသည်ဟု သိရသည်။

“ အခု ဒုက္ခတွေ့နေပါတယ်။ ရေချိုးစရာ နေရာလည်း မရှိပါ။ အိမ်သာသွားမယ့် နေရာလည်း မရှိပါ။ တော်တော် ဒုက္ခရောက်နေပါတယ်။ ဒီလို ဖြစ်နေချိန်မှာ ဈေးကိုလည်း ပြန်ပြင်ဖို့အတွက် ဖြိုမယ်။ ဈေးမှာလည်း မနေရတော့ဘူးလို့ သတင်းတွေ ထွက်နေတဲ့ အတွက် ဘယ်မှာ နေရမှန်းတောင် မသိဖြစ်နေပါတယ်။ အားလုံး စိတ်ဒုက္ခရောက်နေကြပါတယ်” ဟု သူမက ဆက်လက် ပြောဆိုသည်။

အစိုးရမှ မာရမာကြီး မိသားစု ၂၆ စုအား အိမ်များပြန်လည် တည်ဆောက်ပေးမည်ဟု ဆိုကာ ကျေးရွာတည်နေပုံကို ဒီဇိုင်းမြေပုံကို ရေးဆွဲပြီး ရွာတည်မည့် နေရာတွင် ကပ်ထားသော်လည်း ယနေ့ထိ ရွာကို ပြန်လည်တည်ဆောက်ပေးခြင်း မရှိဟု သိရသည်။

“ ကျွန်တော်တို့ ကိုယ့်ရွာမှာ ကိုယ်နေချင်ပါတယ်။ အခု အိမ်လည်း မဆောက်ပေးတော့ ဘယ်မှာနေရမှန်းမသိပါဘူး။ ရွာရှေ့က လမ်းဘေးမှာ တဲထိုးပြီးနေရင်လည်း အကြမ်းဖက် ဘင်္ဂလီတွေကို ကြောက်ရတဲ့ အတွက် မနေရဲပါဘူး။ အခု ဒီမှာလည်း မနေရဘူးလို့ ကြားပါတယ်” ဟု ရွာသား တစ်ဦးဖြစ်သူ ဦးကျော်သန်းပြောဆိုသည်။

မာရမာကြီး မိသားစု ၂၆ စုသာမက မီးတိုက်ရွာက ရွာသားအများအပြားလည်း စစ်တွေဒုက္ခသည် စခန်းမှ ပြန်လာပြီးကတည်းက အိမ်မရှိ၍ ရွာကို မပြန်နိုင်ဘဲ ကြိမ်ချောင်းကျေးရွာတွင် သောင်တင် နေကြသည်ဟု ကြိမ်ချောင်းကျေးရွာ ဒေသခံ တစ်ဦးမှလည်း ပြောကြားသည်။

အစိုးရ တာဝန်ရှိသူများ အနေဖြင့် ဒေအတွင်းရှိ ဘင်္ဂလီများနှင့် တစ်ဖက်နိုင်ငံမှ ပြန်လည် ၀င်ရောက်လာသူများအတွက် အလေးထား ဆောင်ရွက်နေသော်လည်း ဒေသခံ ကိုယ့်တိုင်းရင်းသားများ အပေါ်တွင် လျစ်လျူရှုထားသည်ကို မြင်တွေ့ရသဖြင့် လွန်စွာ ၀မ်းနည်းမိသည်ဟု အမည်မဖော်လိုသူ ကျောင်းဆရာမ တစ်ဦးကလည်း နိရဉ္စရာသို့ ပြောကြားသည်။

(ဓာတ်ပုံ- ကြိမ်ချောင်းကျေးရွာ လမ်းဘေးတွင် တဲထိုးနေထိုင်နေကြရသည့် မာရမာကြီးမိသားစုများ)
Narinjara
https://www.facebook.com/Narinjara
စစ်တွေဒုက္ခသည်စခန်းမှ ပြန်လာသူ မာရမာကြီးတိုင်းရင်းသား မိသားစု ၂၆ စု အိမ်မရှိ၍ မောင်တောမြောက်ပိုင်းတွင် နေထိုင်ရေးအခက်ကြုံ စစ်တွေဒုက္ခသည်စခန်းမှ ပြန်လာသူ မာရမာကြီးတိုင်းရင်းသား မိသားစု ၂၆ စု အိမ်မရှိ၍ မောင်တောမြောက်ပိုင်းတွင် နေထိုင်ရေးအခက်ကြုံ Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.