အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဗုံးပေါက်ကွဲမှု


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြည်နယ်ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်အတွင်း ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတစ်ဦးအပါအဝင် လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေသတွင်း ပါတီတစ်ခုရဲ့ အမတ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ အရှေ့ ဂါရိုကုန်းမြင့် ခရိုင်ကို သွားစဉ် မက်ဂါလေယာပြည်နယ်တွင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး သူ့ကားပေါ် ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက်နဲ့ အရပ်သား နှစ်ယောက်ပါ သေဆုံးခဲ့တာဖြစ်တယ်လို့ မက်ဂါလေယာ ပြည်နယ် ဒုတိယရဲမှူးကြီးက ပြောပါတယ်။

အဲဒီဗုံးဟာ လက်လုပ်ဗုံးလို့ ယူဆရပြီး ဘယ်သူ့ရဲ့ လက်ချက်လဲဆိုတာ မသိသေးပေမယ့် ပြီးခဲ့တဲ့ ၂၀၁၃ ရွေးကောက်ပွဲ ကာလမှာတုန်းကလည်း အခုသေဆုံးသွားတဲ့ အမတ်လောင်းဟာ အဲဒီနယ်မြေထဲက လက်နက်ကိုင် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်ဆိုတာ သိထားပါတယ်လို့ အဲဒီ ရဲမှူးကြီးက ဆက်ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဖျား ဝေးလံခေါင်ဖျားတဲ့ အဲဒီနယ်မြေဟာ တရုတ်၊ ဘူလ်တန်၊ နီပေါလ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ အကြားမှာ ရှိပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက မတည်မငြိမ် ဖြစ်နေတဲ့ နေရာဖြစ်ပါတယ်။ အဲဒီဒေသတွင်းမှာ ပြည်နယ်တွင်း ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပြုလုပ်မှာပါ။

ဒါဟာ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံးဆောင်ရွက်ဖို့ ပြည်နယ် ဝန်ကြီးချုပ်က တောင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဗုံးပေါက်ကွဲမှု အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဗုံးပေါက်ကွဲမှု Reviewed by THITHTOOLWIN on 11:42 Rating: 5
Powered by Blogger.