(၉)နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်ရန်ကြိုးစားစဉ် အော်ဟစ်ငိုသဖြင့် လည်ပင်းညှစ်သတ်မှုဖြစ်ပွား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၇၃/၃-၄)ကြား အနောက်ဘက် ရှောက်ကုန်းကျေးရွာအပိုင်(ကွင်းအမှတ်-၁၄၁၀)ရှိ ယာမြေအတွင်း လူမနေသည့်တဲ၌ အသက်(၉)နှစ် ခန့် မိန်းကလေး(၁)ဦး သေဆုံးနေကြောင်း သတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တပ်ကုန်းမြို့နယ်နေ မ×××(၉)နှစ် (ဒုတိယတန်း၊ ပလပ်စတစ်ဗူးခွံကောက်)အား လည်ပင်းတွင် မိန်းမသုံးပုဝါရစ်ပတ်လျက် သေဆုံး နေသည်ကိုတွေ့ရှိရပြီး တဲအနောက်ဘက် အခန်းတွင် ရေသန့်ဗူးခွံများထည့်ထားသည့် ဆာလာအိတ် (၂)အိတ်ပါ မိန်းမစီးစက်ဘီး(၁) စီး တို့အား တွေ့ရှိရ၍ အလောင်းအား တပ်ကုန်းပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး အရေးယူပေးရန်တိုင်တန်းချက်အရ တပ်ကုန်းမြို့မရဲစခန်း(ပ)၄၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းခဲ့ရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ်တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များအရ သေဆုံးသူ မ××××နှင့် တပ်ကုန်းမြို့နယ်နေ ကိုပို(ခ)တင်ရွှေ(၄၃)နှစ်တို့သည် ရေသန့်ဗူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရ၍ ကိုပို (ခ)တင်ရွှေအား ခေါ်ယူစစ်မေးခဲ့သည်။ စစ်ဆေးချက်အရ ကိုပို(ခ)တင်ရွှေသည် မ××××အား အခင်းဖြစ်တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယားပြုကျင့်ရန် ကြိုးစားစဉ် မ××××မှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်း အား ညှစ်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မ×××× လည်ပင်းကို ချည်နှောင်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
(၉)နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်ရန်ကြိုးစားစဉ် အော်ဟစ်ငိုသဖြင့် လည်ပင်းညှစ်သတ်မှုဖြစ်ပွား (၉)နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်ရန်ကြိုးစားစဉ် အော်ဟစ်ငိုသဖြင့် လည်ပင်းညှစ်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.