(၁၁)နှစ်အရွယ် အိမ်အကူအား အိမ်ရှင်မှ သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ထွန်းထွန်းဦး (၄၄)နှစ်၏ နေအိမ်တွင် အိမ်အကူလုပ်နေသည့် (၁၁)နှစ်အရွယ် အိမ်အကူအား အိမ်ရှင်မှ သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဒေါ်××× သည် နေအိမ်၌ရှိနေစဉ် လွန်ခဲ့သောတစ်နှစ်ခန့်မှစ၍ လှိုင်သာယာမြို့နယ်နေ ထွန်းထွန်းဦး (၄၄)နှစ်၏ နေအိမ်တွင် အိမ်အကူလုပ်နေသည့် သမီးဖြစ်သူ မ×××(၁၁)နှစ်သည် နေအိမ်သို့ ပြန်လည်ရောက်ရှိလာသည်။

မိခင်ဖြစ်သူမှ ဘာလို့ ပြန်လာတာလဲဟု မေးမြန်းရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က အိမ်ရှင် ထွန်းထွန်းဦး ၏ နေအိမ်၌ အိပ်ပျော်နေစဉ် ထွန်းထွန်းဦး ရောက်ရှိလာပြီး အော်ရင်သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရ၍ အရေးယူပေးရန် တိုင်တန်း ချက်အရ ထွန်းထွန်းဦး အား လှိုင်သာယာမြို့မရဲစခန်း(ပ)၅၀၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်
(၁၁)နှစ်အရွယ် အိမ်အကူအား အိမ်ရှင်မှ သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား (၁၁)နှစ်အရွယ် အိမ်အကူအား အိမ်ရှင်မှ သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.