ကချင်တိုက်ပွဲ ကုလ စိုးရိမ်


ဆွမ်ပရာဘွမ်၊ ၀ိုင်းမော်နဲ့ တနိုင်းမြို့နယ်တွေ အပါအ၀င် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဇန်န၀ါရီ ၁၉ ရက်နေ့ကစပြီး မြန်မာတပ်နဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်တို့ဖြစ်ပွားတဲ့ တိုက်ပွဲတွေအရှိန်မြင့်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာအဖွဲ့က မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီဒေသတွေက အရပ်သားတွေ လုံခြုံရေးကို ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့တွေက စိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း ဖော်ပြပါတယ်။
နောက်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်က လူ ၁၈၀၀ လောက် နေရပ်ကစွန့်ခွာ ထွက်ပြေးရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ထွက်ပြေးလာသူအများစုဟာ အလုပ်သမားတွေ ဖြစ်ကြပြီး ပဋိပက္ခဖြစ်ပွားတဲ့ နယ်မြေတွေမှာ တခြားအရပ်သားတွေလည်း ရှိနေပြီး ထွက်လာလို့ မရကြဘူးလို့ပြောပါတယ်။

အဲဒိနေရာတွေကို ကုလသမဂ္ဂ ၀န်ထမ်းတွေသွားလာခွင့်မရဘဲ သတင်းအချက်အလက်တွေကို သီးခြားအတည်ပြုလို့မရနိုင်ဘူးလို့လည်း ဖော်ပြပါတယ်။

ဆွမ်ဘရာဘွမ်က လူ ၇၀၀ ကျော်ဟာ ဇန်န၀ါရီ ၂၂ ရက်က ထွက်ပြေးလာကြပြီး တောထဲမှာ ခိုလှုံနေရပါတယ်။ ဒီထဲရွာသားတွေပါပြီး လူ ၅၀၀ လောက်ကတော့ ပြည်တွင်း နေရပ်ရွှေ့ပြောင်းရသူတွေခိုလှုံနေရတဲ့ စခန်းက ဖြစ်ပါတယ်။ သူတို့စခန်းနား မော်တာကျည်တွေ ကျလာလို့ တောထဲထွက်ပြေးလာကြရတာပါ။

RFA Burmese
https://www.facebook.com/rfaburmese/
ကချင်တိုက်ပွဲ ကုလ စိုးရိမ် ကချင်တိုက်ပွဲ ကုလ စိုးရိမ် Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.