စစ်တွေ ဗုံးကွဲမှု နောက်ထပ် ၂ယောက် ထပ်ဖမ်း

 ရွှေထက်အောင် (ရှေ့ဘယ်)၊ သန်းရွှေ (ရှေ့ယာ)၊ မောင်ဦးမြင့် (နောက်ဘယ်)၊ နိုင်စိုး (နောက်ညာ) တို့ကို ရုံးထုတ်လာစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ရက်နေ့က လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်စိုး အပါအဝင် လူ၎ဦးကို ဖမ်းဆီးခဲ့အပြီး အခု နောက်ထပ် နှစ်ဦးကို ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ရဲစခန်းမှာ ထိန်းသိမ်း ခံထားရတဲ့ အစ်ကိုဖြစ်သူကို ထမင်းသွားပို့သူ တစ်ဦးနဲ့ သွားတွေ့သူ တစ်ဦးတို့ကို အခုလို ထပ်မံ ဖမ်းဆီးလိုက်တာပါ။

ပထမ ဖမ်းဆီးထားတဲ့ ၄ ဦးကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ တွေနဲ့ မနေ့က စစ်တွေမြို့နယ် တရားရုံးမှာ တရားစွဲခဲ့ပြီး ရမန် ၂ ပတ်နဲ့ စစ်ဆေးနေပါတယ်။

ထိန်းသိမ်းထားသူတွေကို ရှေ့နေတွေနဲ့ တွေ့ခွင့်မပြုကြောင်းနဲ့ ဒါဟာ ဥပဒေနဲ့ မညီကြောင်း ထိန်းသိမ်းထားသူတွေ ဘက်ကနေ အမှု လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ဘီဘီစီကို ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၂၄ရက်နေ့မှာ ဗုံး၃လုံး ပေါက်ကွဲခဲ့တာကြောင့် လူနှစ်ဦး ဒဏ်ရာ ရခဲ့ပြီး ကားတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
စစ်တွေ ဗုံးကွဲမှု နောက်ထပ် ၂ယောက် ထပ်ဖမ်း စစ်တွေ ဗုံးကွဲမှု နောက်ထပ် ၂ယောက် ထပ်ဖမ်း Reviewed by THITHTOOLWIN on 22:47 Rating: 5
Powered by Blogger.