ဆိုင်ကလုန်းမုန်တိုင်း ဝင်တိုက်လို့ တွန်ဂါနိုင်ငံ ပါလီမန် ပြိုကျ


သြစတြေးလျနိုင်ငံ အရှေ့ဘက် ပစ္စဖိတ် သမုဒ္ဒရာထဲက တွန်ဂါကျွန်းနိုင်ငံမှာ ဒီနေ့ အရုဏ်တက်ချိန်က ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားတဲ့အတွက် ပါလီမန် အဆောက်အဦး အပါအဝင် နေအိမ် တိုက်တာ အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ကျော် တိုက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာရကြပေမယ့် အသေအပျောက်မရှိဘူးလို့ သိရပါတယ်။

အိမ်နီးချင်း သြစတြေးလျနိုင်ငံက ဒေါ်လာ ၃ သိန်းဖိုးနီးပါး နယူးဇီလန်က ဒေါ်လာ ၅ သိန်းဖိုး ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ ကူညီနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ