မိုင်းဖြတ်မြို့နယ်တွင် ဘိန်းစိမ်းဟုယူဆရသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မိုင်းဖြတ် ၊ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ရက် ညနေ ၄နာရီ ၃၅မိနစ်ခန့်တွင် မိုင်းဖြတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်မိုးလွင် ဦးစီးသည့်အဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ ဝမ်မိုင်း ရပ်ကွက်၊ ဝမ်မိုင်လမ်းဆုံအနီးတွင် သတင်းအရ အသင့်စောင့်ဆိုင်းခဲ့ရာ ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်များကို စစ်ဆေးရှာဖွေခဲ့ရာ ဘိန်းစိမ်းဟုယူဆရသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်မိုးလွင်ဦးစီးသည့်အဖွဲ့သည် သက်သေ ဦးဘာနဘ၊ ဦးတင်ဦးတို့နှင့်အတူ သတင်းအရ စောင့်ဆိုင်းခဲ့ရာ ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ် ယာဉ်မောင်း စိုင်းဝန်းတစ် မောင်းနှင်လာသည့် (နံပါတ်မပါ) (WAVE –I -125) အမျိုးအစား ဖြူ/နီကြား ဆိုင်ကယ်နှင့် စိုင်းဆိုက်မောင်းနှင်ပြီး စိုင်းကျင်းရှဲန် လိုက်ပါလာသည့်(နံပါတ်မပါ) (WAVE –I- 125)ဖြူ/နီကြား ဆိုင်ကယ် ၂စီးအား ရပ်တန့်ရှာဖွေခဲ့ရာ ယာဉ်မောင်း စိုင်းဝန်းတစ် မောင်းနှင်လာသည့် (WAVE–I- 125)ဖြူ/နီကြားဆိုင်ကယ်၏ ဖင်ထိုင်ခုံအောက်အတွင်းမှ ပလပ်စတစ်အဝါရောင် ကြိုးဖြင့် ချည်နှောင်ထားပြီး မှိုင်းခံစက္ကူအဖြူရောင်ဖြင့် ထုတ်ပိုးထားသည့် တစ်ထုတ်လျင် (၁.၅)ကီလိုဂရမ်ခန့်စီရှိ ဘိန်းစိမ်ဟုယူဆရသော အမဲရောင်အစေးထုပ် (၃)ထုပ်၊ ပလပ်စတစ်အစိမ်းနုရောင်ကြိုး ချည်နှောင်ထားပြီး မှိုင်းခံစက္ကူအဖြူရောင်ဖြင့် ထုပ်ထားသည့် ထုပ်ပိုးခွံပါ (၁.၅)ကီလိုဂရမ်ခန့်ပါ ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေး(၁)ထုပ် စုစုပေါင်းဘိန်းစိမ်း(၆)ကီလိုခန့် ၊ ကာလတန်ဖိုး (၁)ကီလိုလျှင်(၁၀)သိန်းကျပ်ဖြင့် စုစုပေါင်းကျပ်သိန်း (၆၀)တန်ဖိုးရှိ မူးယစ်ဆေးဝါများကို ဖမ်းဆီးရမိ၍ စိုင်းဆိုက်မောင်းနှင်လာသည့် ဆိုင်ကယ်တွင် သက်သေခံပစ္စည်းများကို မတွေ့ရှိကြောင်း သိရသည်။


စစ်ဆေးချက်များအရ စိုင်းဝန်းတစ်နှင့် စိုင်းဆိုက်တို့၏ပြောပြချက်အရ စိုင်းဝန်းတစ်၏ဆိုင်ကယ် ဖင်ထိုင်ခုံ အောက်မှတွေ့ရှိသည့် အဝါရောင်ကြိုးဖြင့်ချည်ထားသော အထုတ်(၃)ထုပ်မှာ စိုင်းဝန်းတစ် ၏ အထုပ်ဖြစ်ကြောင်း၊ အစိမ်းနုရောင်ကြိုးဖြင့် ချည်ထားသော အထုပ်(၁)ထုပ်မှာ စိုင်းဆိုက်၏ အထုပ်ဖြစ်ကြောင်း ရောင်းချရန်အလိုငှာ စိုင်းဆိုက်၊ စိုင်းဝန်းတစ်နှင့် စိုင်းကျင်းရှဲန်တို့မှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဘိန်းစိမ်းဟု ယူဆရသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ စိုင်းဝန်းတစ်၊စိုင်းဆိုက်၊စိုင်းကျင်းရှဲန် စသည့်တရားခံ(၃)ဦးအား မိုင်းဖြတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ် မြို့နယ် (ပြန်/ဆက်)
မိုင်းဖြတ်မြို့နယ်တွင် ဘိန်းစိမ်းဟုယူဆရသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မိုင်းဖြတ်မြို့နယ်တွင် ဘိန်းစိမ်းဟုယူဆရသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.