တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်းတွင် အဆိပ်မိ၍ ခြင်္သေ့ ၆ ကောင်နှင့် လင်းတ ၇၄ ကောင် သေဆုံး


Dar Es Salaam ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်းရှိ Ruaha အမျိုးသား ပန်းဥယျာဉ်တစ်ခုအနီး ခြင်္သေ့ ၆ ကောင်နှင့် လင်းတ ၇၄ ကောင် သေဆုံးလျက်ရှိသည်ကို တွေ့ခဲ့ရကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။


ဒေသခံ တိရစ္ဆာန် ထိန်းကျောင်းသူများကြောင့် ယင်း တိရစ္ဆာန်များ သေဆုံးရခြင်း ဖြစ်သည်ဟု အကြံပြုထားကြောင်း သဘာဝ အရင်းအမြစ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဋ္ဌာ အမြဲတမ်းအတွင်းဝန် Gaudence Milanzi က ပြောသည်။

၎င်းက ဆက်၍ “အစိုးရက ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးမှုအရ ခြင်္သေ့တွေနဲ့ လင်းတတွေမှာ တွေ့ရတဲ့ အဆိပ်နဲ့ ပုံစံတူတဲ့ အဆိပ်တွေနဲ့အတူ သံသယရှိသူတစ်ဦးကို ဖမ်းမိထားတယ်” ဟု ပြောကြားခဲ့သည်။

(Xinhua)
China Xinhua News
တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်းတွင် အဆိပ်မိ၍ ခြင်္သေ့ ၆ ကောင်နှင့် လင်းတ ၇၄ ကောင် သေဆုံး တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်းတွင် အဆိပ်မိ၍ ခြင်္သေ့ ၆ ကောင်နှင့် လင်းတ ၇၄ ကောင် သေဆုံး Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.