လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရ


နေပြည်တော် ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ် သီပေါမြို့နယ် ဟိုစန့်ကျေးရွာနေ တင်မျိုးထွန်း(၃၉ နှစ်)၏ နေအိမ်ရှေ့ ခြံစည်းရိုးဘေး သီပေါ-နမ့်လန်-လွယ်လင်ကားလမ်း မိုင်တိုင်အမှတ် ၁၂၂/၂ ၌ ဖေဖော်ဝါရီ ၇ ရက် ည ၇ နာရီခွဲက ဒေသန္တရ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးဘေးတွင်ထိုင်နေသည့် တင်မျိုးထွန်း၏ဇနီး မအေးလျန်(၃၂ နှစ်)တွင် ဒဏ်ရာ (မစိုးရိမ်ရ)နှင့် တင်မျိုးထွန်းထံ အလည်လာသည့် ဖခင်ဖြစ်သူ လားရှိုးမြို့ ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှ ဥူးစံနိန္ဒ သက်တော်(၆၈ နှစ်) ဝါတော်ရှစ်ဝါတွင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နမ့်လန်ပြည်သှူဆေးရုံသို့ တင်ပို့ခဲ့ ကြောင်း သိရသည်။

 အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှ သံဘောစေ့များ တွေ့ရှိ ရပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံတပ်မတော်သားများနှင့် နမ့်လန် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပူးပေါင်းစုံစမ်းလျက်ရှိသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.