အိန္ဒိယနိုင်ငံတွင် ဆေးထိုးအပ်တစ်ခုတည်းအား သုံးစွဲခဲ့ခြင်းကြောင့် လူ နှစ်ဒါဇင်နီးပါး အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရ

ဆေးထိုးအပ်တစ်ချောင်း ကိုင်ထားသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
  နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ရုတ်တရက် အိတ်ခ်ျအိုင်ဗီ (HIV) ကူးစက်ခံရသူများအား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ လူနာများအား ဆေးထိုးအပ် တစ်ချောင်းထဲဖြင့် ဆေးထိုးပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။

“Unnao ခရိုင်ရှိ ကျန်းမာရေးစောင့်ရှောက်မှုယာယီစခန်းအတွင်း HIV ပိုးရှိတယ်ဆိုတာ တွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ဘုံဆေးထိုးအပ် တစ်ခုထဲနဲ့ ဒီလူနာတွေကို ဆေးထိုးပေးခဲ့တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိခဲ့ရတယ်” ဟု ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီး Sidharth Nath Singh က ပြောခဲ့သည်။

အဆိုပါ ခရိုင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်အတောအတွင်း အနည်းဆုံး လူ ၂၁ ဦး အိတ်ခ်ျအိုင်ဗီ ကူးစက်ခံခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး တာဝန်ရှိသူများက ပြောခဲ့သည်။

ကျန်းမာရေးဋ္ဌာနမှ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအရ စရိတ်သက်သာ ကုသမှုအမည်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွင် ဆေးထိုးပိုက် တစ်ခုတည်းဖြင့် လူအများအား ဆေးထိုးပေးခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ကူးစက်ခံရသူတွေ အားလုံးကို ဆေးကုသမှုခံယူဖို့ Kanpur ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံမှာ တင်ထားပါတယ်။ စွပ်စွဲခံရသူကို ဖော်ထုတ်ဖို့နဲ့ မကြာမီဖမ်းမိနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Singh က ပြောသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုစခန်းများအား Bangarmau မြို့ရှိ နေရာ ၃ နေရာ၌ ပြုလုပ်ခဲ့ပြီး လူပေါင်း ၅၆၆ ဦးအား ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ယင်းအနက် ၂၁ ဦးတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးအရာရှိချုပ် ဒေါက်တာ S P Chaudhary က ပြောခဲ့သည်။

(Xinhua)
http://xinhuamyanmar.com
အိန္ဒိယနိုင်ငံတွင် ဆေးထိုးအပ်တစ်ခုတည်းအား သုံးစွဲခဲ့ခြင်းကြောင့် လူ နှစ်ဒါဇင်နီးပါး အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရ အိန္ဒိယနိုင်ငံတွင် ဆေးထိုးအပ်တစ်ခုတည်းအား သုံးစွဲခဲ့ခြင်းကြောင့် လူ နှစ်ဒါဇင်နီးပါး အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရ Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.