အိုလံပစ်ပွဲဝင်အားလုံး ဆမ်ဆမ်း လက်ကိုင်ဖုန်းလက်ဆောင်ရ


တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၈ Pyeongchang ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲဝင် အီရန်နဲ့ မြောက်ကိုရီးယား အားကစားသမားတွေလည်း Samsung လက်ကိုင်ဖုန်းတွေ ရကြမယ်လို့ စီစဉ်သူတွေက မနေ့က ပြောကြားလိုက်ပါတယ်။

အီရန်အားကစားသမားတွေ ဘာလက်ဆောင်မှ မရဘူးဆိုတဲ့ သတင်းတွေကြောင့် တောင်ကိုရီးယား သံအမတ်ကို အီရန်က ဆင့်ခေါ်ပြောကြားပြီးတဲ့နောက် ဒီသတင်းထွက်လာတာပါ။

အားကစားသမားတွေကို ဒေါ်လာ တထောင့်တရာတန် နောက်ဆုံးပေါ် Samsung smart ဖုန်းတွေ လက်ဆောင်ပေးတယ်ဆိုပေမဲ့ ကုလသမဂ္ဂက အရေးယူပိတ်ဆို့ထားတဲ့ အီရန်နဲ့ မြောက်ကိုရီးယားက အားကစားသမားတွေက မရရှိကြဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

ဒီသတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒီနှစ်နိုင်ငံစလုံးက အားကစားသမားတွေ Samsung smart ဖုန်းတွေ ရကြမှာဖြစ်ပေမဲ့ မြောက်ကိုရီးယားတွေကတော့ သူ့တိုင်းပြည်ထဲ ဒီဖုန်းတွေ သယ်မလာဖို့ ပြောကြားခံရဖွယ်ရှိတယ်လို့ IOC နိုင်ငံတကာ အိုလံပစ်ကော်မတီက ပြောပါတယ်။

ဒီအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကို မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့လာရောက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ြ့ပုလိုက်ပါတယ်။ ကုလသမဂ္ဂက ခရီးသွားလာခွင့်ပိတ်ပြီး ပစ္စည်းတွေ ထိန်းချုပ်ထားတဲ့ အထက်တန်းတာဝန်ရှိပုဂ္ဂိုလ် Choe Hwi လည်း ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အိုလံပစ်ပွဲဝင်အားလုံး ဆမ်ဆမ်း လက်ကိုင်ဖုန်းလက်ဆောင်ရ အိုလံပစ်ပွဲဝင်အားလုံး ဆမ်ဆမ်း လက်ကိုင်ဖုန်းလက်ဆောင်ရ Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.