မြန်မာ အလုပ်သမားတွေကား မီးလောင် ကားမောင်းသူ သေဆုံး


ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မနေ့က မြန်မာ အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ဘတ်စကားတစီး မီးလောင်ခဲ့ရာမှာ ကားမောင်းသူ သေဆုံးသွားခဲ့တယ်။

မဲဆောက်ကို အလုပ်လာလုပ်ကြတဲ့ မြန်မာအလုပ်သမား ၅၀ ၀န်းကျင်ကို မြန်မာဘက် ပြန်ပို့စဉ် ၊တောင်တက်လမ်း ပေါ်မှာ ဘတ်စကားရဲ့ အင်ဂျင် မီးလောင်ခဲ့တာပါ။ ကားမောင်းသူဟာ ကားကိုရပ်၊ အလုပ်သမားတွေကို အမြန်ဆင်းခိုင်းပြီး၊ မီးကို ကြိုးစားငြိမ်းသတ်ခဲ့ပါတယ်။

ကားမောင်းသူနဲ့ မြန်မာအလုပ်သမားတချို့ မီးသတ်ဆေးဘူးတွေနဲ့ ကြိုးစားငြိမ်းကြလို့ မီးငြိမ်းလုနီးပါးအချိန်၊ ကားက ဘရိတ်ပြုတ်ပြီး၊ ကုန်းဆင်းအတိုင်း ဆင်းသွားရာမှာ ကားမောင်းသူက၊ ကားပေါ်တက်ပြီး ရပ်ဖို့ကြိုးစားပေမဲ့ ကားကမရပ်ဘဲ ရှေ့က ၁၈ ဘီးတပ် ကုန်တင်ကားကြီးကို ၀င်တိုက်ခဲ့တဲ့အတွက် ကားမောင်းသူ သေဆုံးသွားခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းကဖေါ်ပြပါတယ်။

ဘတ်စကားမှာ ဘရိတ်ချို့ယွင်းသွားလို့ ဖြစ်တယ်လို့ ထိုင်းရဲ က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာ အလုပ်သမားတွေကား မီးလောင် ကားမောင်းသူ သေဆုံး မြန်မာ အလုပ်သမားတွေကား မီးလောင် ကားမောင်းသူ သေဆုံး Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.