နိုင်ဂျီးရီးယားနိုင်ငံရှိ ဈေးတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၂၂ ဦး သေဆုံး


လာဂို့စ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုမြို့ရှိ ဈေးတစ်ခုတွင် ဖေဖော်ဝါရီလ ၁၆ ရက်က အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား သတင်းအေဂျင်စီ (NAN) က ဖေဖော်ဝါရီလ ၁၇ ရက်တွင် သတင်းတင်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် Konduga မြို့အစွန်ရှိ Kasuwar Kifi နယ်မြေ၌ အသေခံဗုံးဖောက်ခွဲသူ သုံးဦးက ဖေဖော်ဝါရီလ ၁၆ ရက်နှောင်းပိုင်းက ဗုံးခွဲခဲ့ခြင်း ဖြစ်သည်။

အသေခံဗုံးခွဲသူ သုံးဦးသည် ခန္ဓာကိုယ်အတွင်း ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်၍ လူထူထပ်သော ဈေးအတွင်းသို့ ဝင်ရောက်ကာ တစ်ပြိုင်နက်ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ Idrissa Bana က ပြောကြားခဲ့သည်။

ဗုံးဖောက်ခွဲချိန်၌ ဈေးအတွင်း လူအများအပြား ဈေးဝယ်နေခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းအား ပစ်မှတ်ထားကာ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့က အသေခံဗုံးခွဲရေး လုပ်ဆောင်မှုတွင် မျက်နှာကို ပဝါဖုံးထားလေ့ရှိသည့် မိန်းကလေးများအား အသုံးပြုကြကြောင်း သိရသည်။

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသတွင် ၂၀၀၉ ခုနှစ်ကစ၍ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ကြောင့် သေဆုံးသူ ၂၀,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

(Xinhua)
China Xinhua News
နိုင်ဂျီးရီးယားနိုင်ငံရှိ ဈေးတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၂၂ ဦး သေဆုံး နိုင်ဂျီးရီးယားနိုင်ငံရှိ ဈေးတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၂၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.