ကြက်​​သေရွာ စစ်​​ဘေး​ရှောင်​ ၃ဝဝ​ကျော်​ ​နေရပ်​မပြန်​နိုင်​​သေး


ဖေ​ဖော်​ဝါရီ ၄ရက်​၊ မားနဂါး၊ ​ကျောက်​မဲ

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​ကျောက်​မဲမြို့​ပေါ်သို့​ရောက်​ရှိ​နေသည့်​ ကြက်​​သေရွာ စစ်​​ဘေး​ရှောင်​ အ​ယောက်​၃ဝဝ​ကျော်​တို့သည်​ နယ်​​မြေမတည်​ငြိမ်​​သေးသည့်​အတွက်​ ​နေရပ်​မပြန်​နိုင်​​သေးဘဲ ​အောင်​မင်္ဂလာ ဓမ္မာရုံနှင့်​ ​အောင်​​မြေသာယာ ဘုန်းကြီး​ကျောင်းများတွင်​ ခိုလှုံလျက်​ရှိ​နေ​ကြောင်း သိရသည်​။

ကြက်​​သေရွာ ဥက္ကဌ ဦး​နေထားက "လာမယ့်​ ၆ရက်​​နေ့မှာ ပြန်​ဖို့လုပ်​ထားတယ်​။ က​လေး​တွေအပါ အဝင်​​ပေါ့။ ပစ်​ခတ်​တာ​တော့ ကြိုကြား ကြိုကြားပစ်​တာ​တွေ ကြား​နေရ​သေးတယ်​။ ဒါမဲ့ အခုပြန်​ကြား​နေရတဲ့ အ​ခြေအ​နေက မ​ကောင်း​နိုင်​​သေးဘူးလို့ကြားတယ်​။ လက်​နက်​ကိုင်​​တွေက နီး​နေကြတယ်​။ ၆ရက်​​နေ့ ပြန်​ဖြစ်​ မပြန်​ဖြစ်​​တော့ အ​ခြေအ​နေ​စောင့်​ကြည့်​ရမယ်​"ဟု ​ပြောသည်​။

စစ်​​ဘေး​ရှောင်​ထဲတွင်​ ​ကျောင်းတက်​​နေသည့်​ ​ကျောင်းသား​ပေါင်း ၉၂ဦး ရှိပြီး ထိုထဲမှ ၃၈​ယောက်​ စာ​မေးပွဲ​ဖြေဆိုရသူများဖြစ်​သည့်​အတွက်​ အခက်​အခဲများ ရှိ​နေ​ကြောင်း သိရသည်​။

ကြက်​​သေ​ကျောင်းဆရာ တစ်​ဦးဖြစ်​သူ နိုင်​ဝင်​ထူးက "အခု ၃တန်း ၄တန်းက​လေး​တွေကို လာမယ့်​ ၇ရက်​​နေ့မှာ လုပ်​မလို့။ ၄တန်းက အစိုးရစစ်​တို​တော့ ၁၉ရက်​နေ့မှာ ​ဖြေမယ်​။ ဒါမဲ့ ရွာသား​တွေက ၆ရက်​​နေ့ရွာပြန်​ရင်​ က​လေး​တွေကိုပါ ​ခေါ်သွားမယ်​လုပ်​​နေတယ်​။ ရွာ​ရောက်​ရင်​ ပြန်​လည်​ထူ​ထောင်​​ရေးလုပ်​တာနဲ့ က​လေး​တွေ စာလုပ်​ဖြစ်​မှာ မဟုတ်​​တော့ဘူး။ ​နေမယ့်​လူ​တွေကလည်း ​နေမယ်​ဆို​တော့ စာ​မေးပွဲကို ဘယ်​လိုလုပ်​​ပေးရမလဲ မသိ​တော့ဘူး။ ခက်​​နေတယ်​။ ဥက္ကဌတို့နဲ့​နော့ ညှိ​နေတယ်​"ဟု ​ပြောသည်​။

ကြက်ေးရွာအနီးတွင်​ အစိုးရတပ်​မ​တော်​၊ TNLA ၊ RCSS တို့ ၃ဖွဲ့ ထိပ်​တိုက်​လှုပ်​ရှိလျက်​ရှိ​နေပြီး ပြီးခဲ်​သည်​ ၁၆ရက်​​နေ့တွင်းလည်း အိမ်​၃လုံး စုစု​ပေါင်း ​ငွေကျပ်​တန်​ဖိုး ၃၀၀​ကျော်​ မီးရှို့ဖျက်​စီးခံထားရပြီး အိမ်​တွင်းတိုင်းကိုလည်း ​မွှေ​နှောက်​ခံထားရ​ကြောင်း သိရသည်​။

မိုင်းအနိုင်
Photo - The Marnagar
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
ကြက်​​သေရွာ စစ်​​ဘေး​ရှောင်​ ၃ဝဝ​ကျော်​ ​နေရပ်​မပြန်​နိုင်​​သေး ကြက်​​သေရွာ စစ်​​ဘေး​ရှောင်​ ၃ဝဝ​ကျော်​ ​နေရပ်​မပြန်​နိုင်​​သေး Reviewed by THITHTOOLWIN on 05:36 Rating: 5
Powered by Blogger.