အင်ဒို အိမ်ဖေါ်သတ်မှု မလေးရှား အိမ်ရှင် သေဒဏ်ကျဖွယ်ရှိ


အင်ဒိုနီးရှားနိုင်ငံသူ အိမ်ဖေါ်မိန်းကလေး တဦးကို နှိပ်စက်သတ်ဖြတ်ခဲ့မှုအတွက် မလေးရှားအိမ်ရှင်တဦးကို တရားရုံးက လူသတ်မှုနဲ့ မနေ့က စွဲချက်တင်လိုက်ပါတယ်။

အဲဒီ Adelina အာဒယ်လီးနားဆိုတဲ့ အသက် ၂ဝ ရှိ မိန်းကလေးဟာ ဦးခေါင်းဒဏ်ရာတွေနဲ့ ဆေးရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကွယ်လွန်ခဲ့ပါတယ်။

အခုစွဲချက်တင်ခံရတဲ့ အိမ်ရှင် Ambika အမ်ဘီးကာ ဆိုသူအမျိုးသမီးဟာ အသက် ၆ဝ ရှိပြီး မိန်းကလေးကို ရိုက်နှက်ကာ အိမ်ပြင်မှာ ခွေးနဲ့အတူ အိပ်စက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုမှာ အပြစ်ရှိကြောင်း ထင်ရှားရင် သူမကို သေဒဏ်ပေးနိုင်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အင်ဒို အိမ်ဖေါ်သတ်မှု မလေးရှား အိမ်ရှင် သေဒဏ်ကျဖွယ်ရှိ အင်ဒို အိမ်ဖေါ်သတ်မှု မလေးရှား အိမ်ရှင် သေဒဏ်ကျဖွယ်ရှိ Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.