မြ၀တီ-အာရှလမ်းမှာ ယာဉ်တိုက်မှုဖြစ် ခရီးသည် ခုနစ်ဦးဒဏ်ရာရရှိ

မြ၀တီ-အာရှလမ်း ခရီးသည်တင်ယာဉ်တစ်စီး ရှေ့ယာဉ်ကျော်တက်စဉ် အရှိန် မထိန်းနိုင်ဘဲ ၀င်တိုက်ရာမှ ခရီးသည် ခုနစ်ဦးဒဏ်ရာရရှိ
ကော့ကရိတ် ဖေဖော်ဝါရီ ၁၂ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြ၀တီ-အာရှလမ်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက မြ၀တီဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်တစ်စီး သည် ရှေ့ယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်သဖြင့် တစ်ဖက်ယာဉ်ကြောရှိ ယာဉ်အား ၀င်ရောက်တိုက်မိကာ ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါလာသူ ရှစ် ဦးအနက် ခုနစ်ဦးဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေ ၄နာရီခွဲအချိန် မြ၀တီဘက်မှ ကော့ကရိတ်ဘက်သို့ ယာဉ်အမှတ် 7L/---- Frontier Navara အမျိုးအစား ရွှေအိုရောင်ယာဉ်အား စောသောရေ မောင်းနှင်ပြီး လမ်းယာဘက်ခြမ်းကပ်၍ ရပ်ထားသော ယာဉ်တစ်စီးအား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတိုင်း ယာဉ်မောင်း ဦးတေဇ(၅၃-နှစ်) မောင်းနှင်လာသည့် အဖြူရောင်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် Frontier Navara အမျိုးအစား ရွှေအိုရောင် ယာဉ်ပေါ် လိုက်ပါ လာသူ ကျား(၁)ဦး၊ မ(၆)ဦး ပေါင်း(၇)ဦးတို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရဲဆေးစာဖြင့် ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စောသောရေအား ကော့ကရိတ် မြို့မ ရဲစခန်းက ယာဉ်(ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မြ၀တီ-အာရှလမ်းမှာ ယာဉ်တိုက်မှုဖြစ် ခရီးသည် ခုနစ်ဦးဒဏ်ရာရရှိ မြ၀တီ-အာရှလမ်းမှာ ယာဉ်တိုက်မှုဖြစ် ခရီးသည် ခုနစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.