မောင်တောမြို့နယ် ဂေါ်ဒူသာရကမ်းခြေ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး အပါအဝင် လူငါးဦးအား လုပ်သေနတ် တစ်လက်နှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော် ဖေဖော်ဝါရီ ၂၂

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့  မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ဂေါ်ဒူ သာရကမ်းခြေ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည့် ဟူဆောင်းအာမက်၊ အာလီဟူဆိန်းတို့နှစ်ဦးနှင့် ၄င်းတို့ထံရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး၊ မောင်တောမြို့နယ် မြို့မကညင်တန်းရပ်ကွက်နေ ဆော်ယူဆလန်တို့အား လုပ်သေနတ်တစ်လက်၊ ၁၂ ဗို့ ကျည်တစ်တောင့်၊ ငွေကျပ် ၁၂၈ဝဝဝဝ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၁ဝ၅ဝ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစစ်ကြောချက်များအရ လုပ်သေနတ်၊ ဆက်စပ်ပစ္စည်းနှင့် ငွေများမှာ ဆော်ယူဆလန်၏ ပစ္စည်းများဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဖမ်းဆီးရမိသူငါးဦးအားARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှု၊ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာသည့် ရည်ရွယ်ချက်တို့ကို သိရှိနိုင်ရန် အသေးစိတ် ထပ်မံ စစ်ကြောလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မောင်တောမြို့နယ် ဂေါ်ဒူသာရကမ်းခြေ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး အပါအဝင် လူငါးဦးအား လုပ်သေနတ် တစ်လက်နှင့်အတူ ဖမ်းဆီးရမိ မောင်တောမြို့နယ် ဂေါ်ဒူသာရကမ်းခြေ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး အပါအဝင် လူငါးဦးအား လုပ်သေနတ် တစ်လက်နှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.